အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ မှာ ထိုးမယ်ဆိုတာမဟုတ်ပါ

False နိုင်ငံတကာ၊ | International

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ ကို အောက်တိုဘာ ၂၂ ရက်မှာ စတင်ထိုးမယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။

“အောက်တိုဘာ 22 Covid19 ကာကွယ်ဆေး USA မှာလူသန်း 200စထိုးပြီ..CNN”လို့ “Lwin Moe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားထားပြီး ဒီသတင်းကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေခဲ့ကြ တာတွေ့ရပါတယ်။

LinkArchive link

အချက်အလက်စိစစ်ချက်

Google မှာ “us covid-19 vaccine on october 22 cnn”လို့ အဓိကကျတဲ့စကားလုံးတွေကို ရိုက်ရှာမယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။

COVID-19 ကာကွယ်တားဆီးရန်အလားအလာကောင်းများ ကာကွယ်ဆေးတွေအတွက် ခွင့်ပြုချက် သို့မဟုတ် လိုင်စင်ချထားပေးခြင်းတွေကို အားဆွေးနွေးဖို့အတွက် ၂၀၂၀၊ အောက်တိုဘာ ၂၂ ရက်တွင်ကာကွယ်ဆေးနဲ့ ဆက်စပ်ဇီဝပစ္စည်းများထုတ်ကုန်အကြံပေးကော်မတီလူထုအစည်းအဝေးကိုကျင်းပဖို့ အမေရိကန်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒါကြောင့် အမေရိကန်မှာ COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုကို အတည်ပြုထားခြင်းမရှိသေးတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

FDAArchive link

အလားတူ စက်တင်ဘာ ၂ ရက်မှာက CNN သတင်းမှာ အမျိုးသားကျန်းမားရေးဌာနရဲ့ ဒါရိုက်တာ ဒေါက်တာ ဖရန်စစ်ကောလင်းက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အောက်တိုဘာလ ကုန်ပိုင်းမှာ အဆင်သင့်ဖြစ်ဖို့ ကြိုးပမ်းနေပေမဲ့ ဖြစ်နိုင်ခြေနည်းကြောင်း ပြောကြားထားတာတွေ့ရပါတယ်။

CNN

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အမေရိကန်မှာ COVID-19 ကာကွယ်ဆေးလူသန်း ၂၀၀ ကို အောက်တိုဘာ ၂၂ ရက်မှာ စတင်ထိုးမယ်ဆိုတဲ့အချက်အလက်ဟာ သတင်းမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ မှာ ထိုးမယ်ဆိုတာမဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *