ရန်ကုန်အထူးကုဆေးရုံကြီးရဲ့ ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြတယ်ဆိုတဲ့ သတင်းမှား

Coronavirus False နိုင်ငံတကာ၊ | International လူမှုရေး၊

ဧပြီ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၂၈ ယောက်ရှိပြီး အထူးကြပ်မက် ကုသဆောင်(ICU)မှာ လူနာတစ်ဉီးပဲရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သို့ပေမဲ့ ရန်ကုန် ခုတင် ၅၀၀ အထူးကု ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင် ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြတယ်ဆိုတဲ့ သတင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

“ကူးနိုင်တယ်မှန်းသိပေမယ့် ဆံပင်ကိုရိတ်ပြီး ရှေ့တန်းထွက်တဲ့ သူရဲကောင်းတွေပါသနားပါတယ်.. သူတို့ဆံပင်လေးတွေကို နှမြောမှာပဲနော်..လေးစားမိပါတယ်”လို့ “KAUNG MA LAY” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာ့သတင်းထူး”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ဒီသတင်းကို မျှဝေခဲ့ရာ နာရီပိုင်းအတွင်း လူ တစ်ထောင်နီးပါက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ “KAUNG MA LAY”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့ ဒီသတင်းကိုပဲ “Win Kyaw” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “သီတဂူဆရာတော်ကြီးကို ကြည်ညိုကြသူများ”အမည်နဲ့ ဖေ့စ်ဘွတ် အုပ်စုမှာ ပြန်လည်မျှဝေထား တာတွေ့ရပါတယ်။

Fb linkFb link
Archive linkArchive link

M CELEMYANMAR ဆိုတဲ့ ဝက်ဘ်ဆိုက်က “COVID-19 က ဆံပင်မှာလဲ ကပ်နေတတ်တယ်လို့ သိပြီးတဲ့နောက်မှာ ရန်ကုန် ခုတင် ၅၀၀ အထူးကု ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင် ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြ တာကို မြင်ရတော့ မလေးစားဘဲ မနေနိုင်ပါပြီ”ဆိုပြီး ရေးသားထားချက်ကို ပြန်လည်မျှဝေကြတာဖြစ်ပါတယ်။

LinkArchive link

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူနာပြုတွေ ခေါင်းရိတ်ကြခဲ့ကြတာတော့ရှိပါတယ်။ ရန်ကုန် ဆေးရုံကြီးသူနာပြုတွေ ခေါင်းရိတ်ခဲ့ကြသလားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

Google မှာပုံကိုပြောင်းပြန်ရှာနည်းနဲ့ ပုံတွေကို ပြန်လည်ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

Boredpanda အမည်နဲ့ဝက်ဘ်ဆိုက်က ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီ ၆ ရက်နေ့မှာ “Chinese Nurses Are Shaving Their Heads To Prevent The Spread Of Coronavirus”ဆိုတဲ့သတင်းခေါင်းစဉ် သတင်း တစ်ပုဒ်ရေးသား ထားပါတယ်။ တရုတ်နိုင်ငံ Shaanxi ခရိုင်က သူနာပြုတွေဟာ ဗိုင်းရပ်စ် ကူးစက်မှု ဗဟိုဖြစ်တဲ့ ဝူဟန်သို့မသွားမီ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ခေါင်းတုန်းခဲ့ကြတယ်ဆိုတဲ့ သတင်းကိုဖော်ပြထားပါတယ်။

BorepandaArchive link

သူနာပြုတွေဟာ ဗိုင်းရပ်စ် ကူးစက်မှု ဗဟိုဖြစ်တဲ့ ဝူဟန်သို့မသွားမီ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ခေါင်းတုန်းခဲ့ကြတယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာထုတ်လွှင့်ခဲ့တဲ့ ဗွီဒီယိုကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

XinhuaArchive link

<blockquote class=”twitter-tweet”><p lang=”en” dir=”ltr”>Coronavirus-fighting nurses cut hair short before heading to Wuhan to aid the battle against the epidemic. <a href=”https://twitter.com/hashtag/FightVirus?src=hash&amp;ref_src=twsrc%5Etfw”>#FightVirus</a> <a href=”https://t.co/lcjk8G6PDw”>pic.twitter.com/lcjk8G6PDw</a></p>&mdash; China Xinhua News (@XHNews) <a href=”https://twitter.com/XHNews/status/1226877137828728832?ref_src=twsrc%5Etfw”>February 10, 2020</a></blockquote> <script async src=”https://platform.twitter.com/widgets.js” charset=”utf-8″></script>

Astroboys2019  အမည်နဲ့အကောင့်က imgur ဆိုတဲ့ ဓာတ်ပုံမျှဝေတဲ့ ဝက်ဘ်ဆိုက်မှာ တရုတ်သူနာပြုတွေ တစ်ဦး ဆံပင်ကို တစ်ဉီးကညှပ်ပေးနေတဲ့ ပုံတွေကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ တရုတ်ရဲ့ ဒေသ အသီးသီးက သူနာပြုတွေဟာ ဗိုင်းရပ်စ် ကူးစက်မှု ဗဟိုဖြစ်တဲ့ ဝူဟန်သို့မသွားမီ ကြိုတင်ပြင်ဆင်မှုအနေနဲ့ တစ်ဦး ဆံပင်ကို တစ်ဉီးက ဖြတ်ပေး နေပုံဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီး ဇန်နဝါရီ ၂၉ ရက်ကတင်ထား တာတွေ့ရပါတယ်။

Link

ဒီလို ရန်ကုန်ဆေးရုံကြီးကဆိုပြီး ရေးသားမျှဝေထားတဲ့ပုံတွေကို အထက်ပါလင့်ခ်ကပုံတွေနဲ့ ယှဉ်ကြည့်ရင် အောက်ပါ အတိုင်း တစ်ထပ်တည်းတူတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီးတွေဟာ ရန်ကုန် ခုတင် ၅၀၀ အထူးကု ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင် ICU မှ သူနာပြုတွေမဟုတ်တာတွေ့ရပါတယ်။ ဒါကြောင့် “KAUNG MA LAY”၊ “Win Kyaw” အကောင့်တွေက လူမှုကွန်ယက်မှာ မျှဝေထားတဲ့ M CELEMYANMAR ဝက်ဘ်ဆိုက်ရေးသား သတင်းဟာ  အချက်အလက်မှားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုချိန်အထိ ကြပ်မက်ကုသဆောင်မှာ မနိုင်မနင်းဖြစ်နေတဲ့ အခြေအနေမျိုးမရှိပါဘူး။

Avatar

Title:ရန်ကုန်အထူးကုဆေးရုံကြီးရဲ့ ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြတယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *