Fact Check: အာရပ်စော်ဘွားများပြည်ထောင်စုရောက် ဟိန္ဒူသာသနာပြုအဖွဲ့ပုံ ကို ဆော်ဒီအာရေးဗီယားက သံဃာတွေအဖြစ်မျှဝေ

False လူမှုရေး

ဆော်ဒီအာရေးဗီးယားမှာ သံဃာတွေကို အရိုအသေပေးပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည် မျှဝေထားတွေ့ရပါတယ်။

မြန်မာနိုင်ငံက ဘာသာကို မစောင့်ရှောက်ပေမဲ့ အစ္စလာမ်ဘာသာတရားကို ပြင်းပြင်းထန်ထန်ကျင့်သုံးတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ဘုန်းတော်ကြီးတွေကို အရိုအသေပေးနေတယ်လို့လည်း ရေးသားထားပါတယ်။

သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ဆော်ဒီအာရေးဗီးယားကမဟုတ်ဘဲ အာရပ်စော်ဘွားများပြည်ထောင်စု က ဓာတ်ပုံတွေဖြစ်ပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အသုံးပြုထားတဲ့ ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

“Satsang Tour of UAE, Oman and Bahrain”လို့ရေးသားထားတဲ့ baps.org က မျှဝေထားတာတွေ့ရပါတယ်။ အိန္ဒိယအခြေစိုက် ဟိန္ဒူသာသနာပြုအဖွဲ့က အာရပ်စော်ဘွားများပြည်ထောင်စုမှ သာသနာပြုခရီးသွားစဉ်က ပုံဖြစ်တယ်လို့ရေးသားပြီး မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Baps.orgArchive link

နောက်ထပ်ဓာတ်ပုံတစ်ခုဖြစ်တဲ့ ဆရာတော်တစ်ပါးကို  အစ္စလာမ်အဝတ်အစားနဲ့ လက်အုပ်ချီနေသူဟာ အာရပ် စော်ဘွားများပြည်ထောင်စုမှာ  ထိုင်းဘုန်းကြီးတစ်ပါးက ကားမော်ဒယ် ၂၀၀၀၀ ကျော်ကို စုဆောင်းခဲ့မှုအတွက် ဂင်းနစ်မှတ်တမ်း နှစ်ကြိမ်ဝင်ခဲ့သူ အာရပ်သူဌေး Suhail Mohd Al Zarooni ကိုတွေ့စဉ်က ပုံဖြစ်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဆော်ဒီအာရေးဗီးယားက ဘုန်းကြီးတွေအဖြစ်မျှဝေထားတဲ့ ဓာတ်ပုံတွေဟာ အာရပ်စော်ဘွားများပြည်ထောင်စုကို ဟိန္ဒူသာသနာပြုအဖွဲ့သာသနာပြုသွားရောက်စဉ်က ပုံတွေဖြစ်တာ တွေ့ရပါတယ်။

Avatar

Title:အာရပ်စော်ဘွားများပြည်ထောင်စုရောက် ဟိန္ဒူသာသနာပြုအဖွဲ့ပုံ ကို ဆော်ဒီအာရေးဗီယားက သံဃာတွေအဖြစ်မျှဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *