
“အတိုင်ပင်ခံ ဦးဆောင်သည့် COVID-19ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီကို ယနေ့ ဖျက်သိမ်း”
Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဒု-သမ္မတ (၁) ဦးဆောင်၍ ပြန်လည်ဖွဲ့စည်း”ဆိုပြီးတော့ “People Media”က လူမှုကွန်ယက်မှာမျှဝေလာပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဉီးဆောင်တဲ့ကော်မတီကို တကယ်ဖျက်သိမ်းခဲ့ပါသလား
အချက်အလက်စိစစ်ချက်
မတ် ၃၀ ရက်စွဲနဲ့ သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၅၃ /၂၀၂၀ အဖြစ် ယနေ့
မတ် ၃၁ ရက်မှာ ထုတ်ပြန်တဲ့ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဖွဲ့စည်းခြင်းအမိန့်ကြော်ငြာစာအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


ဒီအမိန့်ကြော်ငြာရဲ့ နောက်ဆုံးအပိုဒ်မှာ ဇန်နဝါရီ ၃၀ ရက်က အမိန့်ကြော်ငြာစာအမှတ်၊ ၂၃/၂၀၂၀ အရ ဖွဲ့စည်းခဲ့တဲ့ 2019 Novel Coronavirus (2019-nCov) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို ဖျက်သိမ်းလိုက်တယ်လို့ဖော်ပြထားပါတယ်။ ဒီကော်မတီကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခြင်းမရှိပါဘူး။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ကော်မတီဟာ အမိန့်ကြော်ငြာစာအမှတ် ၄၅/ ၂၀၂၀ နဲ့ မတ်လ ၁၃ ရက်မှာ ထုတ်ပြန်ကြော်ငြာခဲ့တဲ့ Coronavirus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဖြစ်ပါတယ်။

အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ကအချက်အလက်တွေအရ “People Media”မှာ “အတိုင်ပင်ခံ ဦးဆောင်သည့် COVID-19ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီကို ယနေ့ ဖျက်သိမ်း”ဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။ သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၄၅/ ၂၀၂၀ နဲ့ မတ်လ ၁၃ ရက်မှာ ထုတ်ပြန်ကြော်ငြာခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ Coronavirus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ကိုဖျက်သိမ်းခြင်းမရှိပါဘူး။

Title:အတိုင်ပင်ခံ ဦးဆောင်သည့် COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီဖျက် သိမ်းဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False