
ထိုင်းစစ်တပ်က ခိုးဝင်မြန်မာတွေ ပစ်သတ်မှုအဖြစ် ဖော်ပြနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ထိုင်းထဲကို…ခိုးဝင်မလာကြပါနဲ့…ပစ်မိန့်လည်းထုတ်ထားပြီပြီ…အသိနဲ့သတိရှိပါ จากเหตุการณ์เมื่อวาน รถกะบะบรรทุกคนชาวกาฬสินธุ์มาจากเที่ยวคำชโนด อ.บ้านดุง #หลับในพุ่งชนต้นไม้ อ.ไชยวาน ช่วงนี้มีรายงานเสียชีวิตเพิ่มเป็น3ราย..เสียใจด้วยน่ะคับ”လို့ ရေးသားထားပြီး ကားလမ်းဘေး လယ်ကွင်းပြင်တစ်ခုက မြေပြင်မှာ အတုံးအရှုံးလဲနေတဲ့ လူတွေနဲ့ သစ်ပင်တစ်ပင်ကို တိုက်မိပြီး ခေါင်းကြေ သွားတဲ့ကားတစ်စီးနဲ့ ကယ်ဆယ်ရေးလုပ်သားတွေလည်း ပါဝင်ပါတယ်။ “ဆူးရဲ့ဒဏ်ရာများနဲ့ သူ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။

အလားတူ “KO Kyaw Gyi” နဲ့ “မချစ်စု ငွေလွှဲ ကောင်တာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုတွေကလည်း မျှဝေထားပါတယ်။
အချက်အလက်စိစစ်ချက်
ဒီပို့စ်မှာပါတဲ့ ထိုင်းစာကို ဖေ့စ်ဘွတ်ရဲ့ ဘာသာပြန်ဆိုချက်ကို နှိပ်ကြည့်လိုက်တဲ့အခါမှာအောက်ပါ အတိုင်းတွေ့ ရပါတယ်။ မြန်မာဘာသာနဲ့ရေးသားချက်မှာ ထိုင်းကို ခိုးဝင်လာတဲ့သူတွေကို ပစ်မိန့်ပေးထားတယ်လို့ ရေးသား ထားပေမဲ့ ထိုင်းဘာသာစကားနဲ့ရေးသားထားရာမှာယာဉ်မတော်တဆမှုအဖြစ်ဖော်ပြထားတွေ့ရပါတယ်။
Google မှာ ထိုင်းဘာသာနဲ့ရေးသားထားတဲ့ စာသားတွေထဲက “บ้านดุง หลับในพุ่งชนต้นไม้”ဆိုတဲ့ စကားလုံးကို အသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။
ြသဂုတ် ၂၇ ရက်က ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တည်ရှိတဲ့ ဥဒုံ သန္နီ(Udon Thani)ခရိုင်မှာ မိသားစုဝင် ၈ ဉီးလိုက်ပါလာတဲ့ တိုယိုတာ hilux ကားတစ်စီး ယာဉ်မတော်တစ်ဆမှုဖြစ်ပြီး နှစ်ဉီးသေဆုံး၊ ၃ ဉီးဒဏ်ရာ ပြင်းထန်စွာရခဲ့တဲ့ဖြစ်စဉ်ကို ထိုင်းအမြန် လမ်းရဲတပ်ဖွဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဖော်ပြထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ထိုင်းစစ်တပ်က ခိုးဝင်မြန်မာတွေ ပစ်သတ်မှုအဖြစ် ဖော်ပြနေတဲ့ပို့စ်က ဓာတ်ပုံနဲ့ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ပို့စ်က ဓာတ်ပုံကိုအောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဒီယာဉ်မတော်တဆမှုဖြစ်စဉ်အကြောင်းကို ထိုင်းဘာသာနဲ့ သတင်းဌာနအသီးသီးက ဖော်ပြခဲ့တာတွေ့ရပြီး ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒီလိုပဲ ထိုင်းရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ home cable tv က ဖော်ပြခဲ့တဲ့ ဗွီဒီယိုရုပ်သံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါ အချက်အလက်တွေအရ ထိုင်းစစ်တပ်က ခိုးဝင်မြန်မာတွေ ပစ်သတ်မှုအဖြစ် ဖော်ပြနေတဲ့ပို့စ်ဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တည်ရှိတဲ့ ဥဒုံ သန္နီ(Udon Thani)ခရိုင်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချော်ပြီး သစ်ပင်ဝင်တိုက်ခဲ့တဲ့ ယာဉ်မတော်တဆမှုဖြစ်စဉ်ဖြစ်တာတွေ့ရပါတယ်။

Title:ယာဉ်မတော်တဆမှုကို ထိုင်းစစ်တပ်က ခိုးဝင်မြန်မာတွေ ပစ်သတ်မှုအဖြစ် ဖော်ပြနေ
Fact Check By: Nayar MaungResult: False