
KFC က ဖေ့စ်ဘွတ်ပို့စ်ကို မျှဝေတဲ့သူတိုင်းကို ကြက်ကြော်တွေ အလကားပေးနေပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ KFC နာမည်နဲ့ အမှတ်တံဆိပ်အသုံးပြုပြီး လိမ်လည်လှည့်စားထားခြင်းသာဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ၁၉ နာရီအတွင်း ဒီပို့စ်ကို မျှဝေမှုပေါင်း ၆၀၀၀ ရှိပါတယ်။
“ဒီနှစ် ဒီဇင်ဘာလအတွက် KFC မှာ ထူးထူးခြားခြား လုပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်တွေက ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ KFC မှာ လူတိုင်းကို ကြက်တစ်ပုံး (အခမဲ့) ကျွေးချင်တယ်။ ဒီပို့စ်ကို မျှဝေသူတိုင်းနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ကြက် ၁၂ ကောင်ပါတဲ့ ပုံးတစ်ပုံးကို ပို့ပေးပါမယ်။ (နောက်နေ့ပို့ပေးပါတယ်)”

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
KFC Myanmar ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကို ဒီလင့်ခ်မှာ ကြည့်ပါ။ သူတို့ရဲ့ တရားဝင် ဖေ့စ်ဘွတ် စာမျက် နှာမှာ ဒီလိုမျိုး အလကားပေးတဲ့ အစီအစဉ်ကြော်ငြာထားတာ မတွေ့ရပါဘူး။ ထို့အပြင် “KFC FANS”အမည်နဲ့ စာမျက်နှာဟာ သူတို့နဲ့ မသက်ဆိုင်ဘဲ လိမ်လည်နေတဲ့စာမျက်နှာဖြစ်ကြောင်း နိုဝင်ဘာ ၁၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မူရင်းလင်ခ့် – KFC Myanmar | Archive link
ယခုစာမျက်နှာဟာ KFC ရဲ့အမှတ်တံဆိပ်နဲ့ နာမည်ကို အသုံးပြုပြီး ပုံမှားရိုက်ထားတဲ့စာမျက်နှာဖြစ်တာ တွေ့ရ ပါတယ်။ စာမျက်နှာကို ကြည့်မယ်ဆိုရင်လည်း လွန်ခဲ့တဲ့ ရက်အနည်းက စတင်ဖန်တီးခဲ့တာ တွေ့ရပြီး ဒီလိုပဲ ပဟေဠိဖြေနိုင်ရုံနဲ့ KFC ကကြက်ကြော်တွေပေးနေတဲ့ အကြောင်းလည်း မျှဝေထားပါသေးတယ်။ ဒီကြော်ငြာမျိုး KFC Myanmar ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ မရှိပါဘူး။

သုံးသပ်ချက်
နာမည်ကြီး အမှတ်တံဆိပ်တခုကို အသုံးပြုပြီး ထင်ယောင်ထင်မှား ဖြစ်ဖွယ်လိမ်လည်လှည့်စားထားခြင်း သာဖြစ်တယ်။ ဒီစာမျက်နှာမှာဖော်ပြထားသလို ဖေ့စ်ဘွတ်ပို့စ်ကို မျှဝေရုံ၊ ပဟေဠိကို ဖြေဆိုနိုင်ရုံနဲ့ ကြက်ကြော် အလကားပေးနေပြီးဆိုတာ မဟုတ်ပါဘူး။
ပြောဆိုချက်- ဖေ့စ်ဘွတ်ပို့စ်ကို မျှဝေရုံနဲ့ KFC က ကြက်ကြော်တွေ အလကားပေးနေတယ်

Title:Fact Check: KFC က ကြက်ကြော် အလကားပေးနေတယ်ဆိုတဲ့ လိမ်လည်လှည့်စားထား တဲ့ စာမျက်နှာ
Written By: Zun ZeeResult: False