
ဗိုလ်ချုပ်မြထွန်းဦးမိသားစုတွေ လေယာဉ်ပါယူပြီး NUG နဲ့ပူးပေါင်းပြီဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုသတင်းမှားဖြစ်ပါတယ်။
“ပျော်လွန်းလို့မျက်ရည်ကျ။ ဗိုလ်ချုပ်မြထွန်းဦးမိသားစု လေယဥ်ပါယူပြီးNUGနဲ့ပေါင်းပြီ။”လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာတွေမှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဝက်ဘ်ဆိုဒ်လင့်ခ်ပါ ဓာတ်ပုံစာသားနေရာမှာလည်း “ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစု လေယာဉ်နဲ့ NUG ထံလာရောက်ပူးပေါင်းတဲ့ အတွက် မျက်ရည်ပါကျ”လို့ ရေးသားထားပါတယ်။ တစ်ခြားဖေ့စ်ဘွတ်စာမျက်နှာတွေနဲ့ ဖေ့စ်ဘွတ်ဂရုတွေမှာ လည်း ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေ တာလည်းတွေ့ရပါတယ်။ ဒီနေရာ၊ ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာနဲ့ ဒီနေရာ မှာကြည့်ပါ။

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
ဝက်ဘ်ဆိုဒ်လင့်ကိုထောက်ကြည့်ရာမှာ Youtubeနဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ သီရိလင်္ကာ သမ္မတနဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်စစ်တပ်အကြောင်းကို နှိုင်းယှဉ်ပြောကြားချက်တွေပါဝင်ပြီး ခေါင်းစဉ်မှာ ပေးထားလို ဗိုလ်ချုပ်မြထွန်းဦးအကြောင်းမပါဝင်ပါဘူး။ ဗိုလ်ချုပ်မြထွန်းဦးဟာ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အပြစ်ကျူးလွန်ချိုးဖောက်မှုတွေကြောင့် အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများရဲ့ ပိတ်ဆို့အရေးယူမှု၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုတွေကြားကပဲ ကမ္ဘောဒီယားနိုင်ငံမှာ ဇွန် ၂၁ ရက်ကနေ ဇွန် ၂၂ ရက်အထိ ကျင်းပခဲ့တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM)မှာ လည်းအာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခဲ့ပါတယ်။

မူရင်းလင်ခ့် – Indianexpress | Archive link
ဗိုလ်ချုပ်မြထွန်ဦးဟာ NUG နဲ့ ပူးပေါင်းတဲ့အကြောင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ ဘယ်သတင်းဌာနကမှ ရေးသားဖော်ပြခြင်းမရှိပါဘူး။
သုံးသပ်ချက်
သတင်းကိုဖြန့်ဝေနေတဲ့နေရာတွေဟာ လူတွေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာ ခေါင်းစဉ်အတု ခေါင်းစဉ်မှား တွေပေးပြီး လူတွေရဲ့ ဝင်ကြည့်တဲ့နှုန်းပေါ်မှုတည်ပြီး Youtube မှာဝင်ငွေရှာတဲ့ ဘလော့ဂ်စာမျက်နှာတွေက ရေးသားချက်သာဖြစ်ပြီး အမှန်ကတယ်မှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးတစ်ဦးအနေနဲ့ပဲ ဆက်လက်ရှိနေပါတယ်။ သတင်းတုသတင်းမှားလို့ သံသယရှိပါက Fact Crescendo Myanmar ကို ဖေ့စ်ဘွတ်မက်ဆင်ဂျာကတစ်ဆင့် ဆက်သွယ်ပြီး ပေးပို့နိုင်ကြောင်းလည်း အသိပေးပါတယ်။

Title:Fact Check: ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစုတွေပါခေါ်ပြီး NUG နဲ့ပူးပေါင်းတယ်ဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: Nayar MaungResult: False