
ဇန်နဝါရီ ၁၁ ရက်နေ့မှာ စစ်အာဏာသိမ်း စစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး စိုးဝင်းနဲ့ အရာရှိ ၂၅ ဦးနုတ်ထွက်ကုန်ပြီလို့ထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။
အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဇန်နဝါရီ ၁၁ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီဟာ လက်ရှိအချိန်အထိ ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ ကျော်ရရှိထားတယ်။
“(၁၁)ရက်နေ့ အရေးပေါ်သတင်း အချင်းချင်းကိုကုန်ပြီဟေ့ ဒုကာချုပ်စိုးဝင်းနဲ့အရာရှိ(၂၅)ဦးနုတ်ထွက်ကုန်ပြီ ဆူပူထကြွကုန်ပြီဗျို့/စစ်အုပ်စု နှစ်ခြမ်းကွဲပြီဟေ့”

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Burmese News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ကူးယူးပြီး ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိနေခြင်းဖြစ်တယ်။
တကယ်တမ်းဗွီဒီယိုပါအကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “လေချုပ်မောင်မောင်ကျော် ၊ ပြည်ထဲရေးဝန်ကြီးစိုးထွဋ်၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) မိုးမြင့်ထွန်းတို့ပြီးနောက်ရေချုပ်မိုးအောင်ကို ဖယ်ရှား” ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ အပြည့်အစုံကို အောက်ပါလင့်ခ်မှာ ကြည့်ပါ။

မူရင်းလင်ခ့် – People’s Spring | Archive link
နောက်ထပ်သတင်းတပုဒ်ကတော့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါအချက်တွေကို ဖြေလျော့ပေးဖို့ စစ်ခေါင်းဆောင်ကို ပါတီအချို့က တောင်းဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။
သုံးသပ်ချက်
သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ကူးယူးပြီး လုပ်ကြံသတင်းခေါင်းစဉ်တု သို့မဟုတ် သတင်းခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ စစ်အာဏာသိမ်း ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ အရာရှိ ၂၅ ဦးနုတ်ထွက်တယ်ဆိုတာ မဟုတ်ပါဘူး။

Title:Fact Check: ဒုကာချုပ်စိုးဝင်းနဲ့ အရာရှိ ၂၅ ဦးနုတ်ထွက်မှု သတင်းတု
Written By: Zun ZeeResult: False