Fact Check: ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီက ဒု-ကာချုပ်စိုးဝင်အာဏာသိမ်းမှု သတင်းတု

False နိုင်ငံရေး | Politics

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကနေ ဒုတိယအာဏာသိမ်း စစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အာဏာသိမ်းလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

“ဒု-ကာချုပ်စိုးဝင်းက တပ်ချုပ်နေရာသိမ်းလိုက်ပြီ မအလ တပ်ချုပ်ရာထူးမှ နုတ်ထွက်လိုက်ရပြီ ဆန္ဒပြ ဆန့်ကျင်ကုန်ပြီဟေ့/နေပြည်တော်မှာ ပွဲဆူကုန်ပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက်တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့နေရာတွေဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar က ဒီလိုယူကျူ့ချန်နယ်တွေနဲ့ ပတ်သက်ပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။

ဒီလိုပဲ အခုဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ သတင်းအချို့ကို အဓိက ပြန်လည်ဖော်ပြထားပြီး “အကြမ်းဖက် မင်းအောင်လှိုင်က ဧည့်တွေ့မှုများ ၊ ပြင်ပ ပွဲလမ်းသဘင်များ ယာယီ ရွှေ့ဆိုင်းပြီး စစ်ရုံးတွင် အနီးကပ် ကြီးကြပ်ကွပ်ကဲနေသော်လည်း စစ်ရေးအရ အရှုံးများသာ ကြုံနေ”၊ “မော်လမြိုင်မြို့ပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နှစ်ပတ်လည် အခမ်းအနားပွဲကို ဒရုန်းဖြင့် ဗုံးကျဲမှု ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အပါအဝင် အရာရှိများ ဒဏ် ရာ ရရှိပြီး ဒုအရာခံဗိုလ်နှင့်တပ်သား စုစုပေါင်း ၂ ဦးသေဆုံး”၊ “တန့်ဆည်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၃ ဦးသေဆုံးကာ PDF ၁ ဦးကျဆုံး” စတဲ့သတင်းတွေပါဝင်တယ်။

သုံးသပ်ချက်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကနေ ဒုတိယအာဏာသိမ်း စစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အာဏာသိမ်းလိုက်တယ်ဆိုတာမဟုတ်ပါဘူး။ အခုလို သတင်းမှားဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧည့်တွေ့မှုများ ၊ ပြင်ပ ပွဲလမ်းသဘင်များ ယာယီ ရွှေ့ဆိုင်းပြီး စစ်ရုံးမှာပဲ ရုံးတက်ကာ အနီးကပ် ကြီးကြပ်ကွပ်ကဲနေတယ်ဆိုပြီး ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ သတင်းအချို့ကို အဓိက ပြန်လည်ဖော်ပြထားပါသေးတယ်။

ပြောဆိုချက်- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကနေ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အာဏာသိမ်းလိုက်တယ်

Avatar

Title:Fact Check: ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီက ဒု-ကာချုပ်စိုးဝင်အာဏာသိမ်းမှု သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *