
စစ်ခေါင်းဆောင်ကို အိန္ဒိယတပ်ချုပ် လက်နက်ချခိုင်းပြီး မလိုက်နာရင် AA နဲ့ NUG ကို ကူညီမယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။
အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။
“အိန္ဒိယတပ်ချုပ်နဲ့အဖွဲ့ရောက်ချလာ
မင်းအောင်လှိုင် လက်နက်ချဖို့ပြောလို့ ဒုက္ခကြီးတွေ့ပြီ
မလိုက်နာရင် AA နဲ့ NUG ကို စစ်ကူရလိမ့်မယ်တဲ့”

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
“KK Audiobooks”အမည်နဲ့ ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်း ဌာနတွေက ကနဦးဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖတ်ကြားကာ ထင်ယောင်ထင်မှား ဖြစ်ဖွယ် သတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုပါ အကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနတွေကဖော်ပြခဲ့တဲ့ “မြန်မာနိုင်ငံ ကို ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းဆီ ပြန်ဦးတည်စေလိုကြောင်း အိန္ဒိယပြော”တဲ့ သတင်းကို ပြန်လည် ဖော်ပြနေခြင်းဖြစ်တယ်။ ဒီစကားကို အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရန်ဒ်ဟာ ဂျိုင်စ်ဝဲလ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

သုံးသပ်ချက်
အိန္ဒိယစစ်ဦးစီးချုပ် မြန်မာနိုင်ငံကို လာရောက်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိသလို စစ်ခေါင်းဆောင်ကို လက်လျော့ဖို့ ပြောဆိုခဲ့တယ်ဆိုတဲ့ ဖော်ပြချက်မျိုးလည်းမတွေ့ရပါဘူး။ တကယ်တမ်း ဗွီဒီယိုထဲမှာ ကဖော်ပြထားတာက လူထုနွေဦးသတင်းပါ အိန္ဒိယ နိုင်ငံခြားရေးပြောခွင့်ရသူရဲ့ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီစနစ်ပြန်သွားစေလိုတယ်ဆိုတဲ့ ပြောကြားချက်ကို ပြန်လည်ကူးယူပြီး လိုအပ်ခေါင်းစဉ်တု တပ်ကာ သတင်းတုသတင်းမှား ဖြန့်ချိနေ ခြင်းဖြစ်တယ်။
ပြောဆိုချက်- နေပြည်တော်လာလည်တဲ့ အိန္ဒိယတပ်ချုပ် စစ်ခေါင်းဆောင်ကို လက်နက်ချခိုင်းပြီး မလိုက်နာရင် AA နဲ့ NUG ကို ကူညီမယ်

Title:Fact Check: စစ်ခေါင်းဆောင်ကို အိန္ဒိယတပ်ချုပ် လက်နက်ချခိုင်း၊မလိုက်နာရင် AA နဲ့ NUG ကို ကူညီမယ်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False