မြန်မာစစ်ခေါင်းဆောင်ကို အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ) က သေဒဏ် ချမှတ်လိုက်တယ်၊ ကုလသမဂ္ဂက ဖမ်းဖို့ အမိန့်ပေးလိုက်တယ်စသည့်ဖြင့် ပြောဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှားသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။

“(၅)ရက်နေ့ အရေးပေါ်သတင်း အကြမ်းဖက် မင်းအောင်လှိုင်ကို ICJ မှ သေဒဏ်ချမှတ်လိုက်ပြီဟေ့ တနိုင်ငံလုံး ကခုန်ကြ/ခေတ်သစ် အတည်ပြုကြေညာပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

နောက်ထပ်အလားတူတဲ့ ဗွီဒီယိုတခုမှာတော့ “မင်းအောင်လှိုင်ကို ဖမ်းမိန့်ထုတ်လိုက်ပြီ တပတ်အတွင်းဖမ်းပေးဖို့ R2P ကို ကုလအမိန့်ပေး ရန်ကုန်ခေတ်သစ် ကြေညာပြီ/ ထူးပြီဟေ့”စသည်ဖြင့် ပြောဆိုထားပါတယ်။ ဒီနေရာမှာ ကြည့်ပါတယ်။

အချက်အလက်စိစစ်ချက်

မြန်မာစစ်ခေါင်းဆောင်ကို ICJ က သေဒဏ်ချမှတ်လိုက်တယ်၊ ကုလသမဂ္ဂက ဖမ်းဖို့ အမိန့်ပေးလိုက်တယ် စသည့်ဖြင့်ဆိုထားတဲ့ ဗွီဒီယိုတွေ ဖြန့်ဝေနေတဲ့ Nway Oo Myanmar အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့ကဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တုတပ် သို့မဟုတ် ခေါင်းစဉ်လွဲတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။ ဒီလို စစ်ခေါင်းဆောင်ကို နိုင်ငံတကာက အပစ်ပေးအရေးယူလိုက်တယ်ဆိုတဲ့အထောက ်အထား သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ ရန်ကုန်ခေတ်သစ်သတင်းဌာန ကလည်း ဖော်ပြတာမရှိပါဘူး။

၂၀၁၉ ခုနှစ်ထဲမှာ အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ)မှာ ရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တာကို လစ်လျူရှူခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တိုင်ကြားခဲ့ပြီး ဒီအမှုဟာ ဆက်လက်ကြားနာနေဆဲဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သတ်ပြီး ICJ က နောက်ဆုံး အခြေအနေကို ဒီလင့်ခ်မှာ ကြည့်ပါ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ အရေးကြီးသက်သေအထောက်အထားနဲ့လျှို့ဝှက်ချက်တွေကို ဖျောက်ဖျက် တာမျိုးမလုပ်ဖို့ တရားရုံးက တားဆီးမိန့် ထုတ်ပေးဖို့ဆိုတဲ့ ဂမ်ဘီယာရဲ့ လျှောက်လဲချက်ကို ICJ ကပယ်ချခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်။ ဒီလိုပဲ ကုလသမဂ္ဂက အခုလို မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းခိုင်းတယ်ဆိုတာလည်းမဟုတ်ပါဘူး။

အခုလိုပဲ စစ်ခေါင်းဆောင်ကို ICJ သို့မဟုတ် ကဖမ်းခိုင်းလိုက်ပြီ၊ သေဒဏ်ချမှတ်လိုက်ပြီဆိုတဲ့ သတင်းတုတွေဟာ မကြာခဏဖြန့်ဝေနေတဲ့ သတင်းမှားတွေဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်မှုတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

မြန်မာစစ်ခေါင်းဆောင်ကို ICJ က သေဒဏ်ချမှတ်လိုက်တယ်ဆိုတာဖြစ်စေ ကုလသမဂ္ဂက ဖမ်းဖို့ အမိန့်ပေးလိုက် တယ်ဆိုတာဖြစ်စေ အထောက်အထားမရှိပါဘူး။ ဒီလိုပြောဆိုချက်ပါ ဗွီဒီယိုတွေ ဖြန့်ဝေနေတဲ့ Nway Oo Myanmar အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့ကဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူပြီ’ ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိလေ့ရှိတယ်။

ပြောဆိုချက်- မြန်မာစစ်ခေါင်းဆောင်ကို ICJ က သေဒဏ်ချမှတ်

Avatar

Title:Fact Check: မြန်မာစစ်ခေါင်းဆောင်ကို ICJ က သေဒဏ်ချမှတ်ဆိုတဲ့ သတင်းတု

Written By: နေရာမောင်

Result: False