Fact Check: KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်မှာ သေဆုံးတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆုံးပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။

ဧပြီ ၁၉ ရက်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုကိုအောက်ပါအတိုင်းတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ စစ်တပ်ခေါင်းဆောင်နဲ့ KNU ဥက္ကဌ တွဲထိုင်နေတဲ့ ဓာတ်ပုံ၊ ဆေးရုံကုတင်ပေါ်တင်ထားရတဲ့ KNU ဥက္ကဌရဲ့ ဓာတ်ပုံတွေပါဝင်ပြီး “၁၉ ရက်နေ့ ၊ သေမင်းခေါ်ပြီဗျို့၊ မင်းအောင်လှိုင်နဲ့ ပေါင်းစားနေတဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆုံးပြီ”(မူရင်းအရေးအသား) လို့ ရေးသားထားပါတယ်။ 

ဗွီဒီယိုခေါင်းစီးစာသားမှာတော့ “#Up to Date :; ထိုင်းနိုင်ငံမှာ KNUဥက္ကဋ္ဌကြီး သေမင်းခေါ်တာ ခံရပြီဗျို့ #burma #သတင်း”ဆိုပြီး ရေးသားထားပါတယ်။ 

မူရင်းလင်ခ့် – Youtube linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ကွယ်လွန်သွားပြီလို့ ရေးသား ထားပေမဲ့ ဗွီဒီယိုထဲမှာ ကရင်အမျိုးသားအစည်းအရုံး( KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး သွေးတိုးပြီး သတိလစ်သွားသဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းသာပါဝင်ပါတယ်။

အသက် ၉၀ အရွယ်ရှိပြီဖြစ်တဲ့ KNU ဥက္ကဌဟာ ဧပြီလ ၁၈ ရက်က အပူချိန်မြင့်မားလွန်းတဲ့ ရာသီဥတုကြောင့် သွေးတိုးပြီး သတိလစ်သွားပေမဲ့ ဧပြီလ ၁၉ ရက်နေ့မှာ ပြန်လည်သက်သာတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ KNU ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ KIC မှာလည်း KNU ဥက္ကဋ္ဌ ပြန်လည်သက်သာလာပြီးဆိုပြီး တော့ပဲဖော်ပြပါတယ်။

သုံးသပ်ချက်

KNU ဥက္ကဌဟာ ဧပြီလ ၁၈ ရက်က ထိုင်းနယ်စပ်မှာ ဆေးရုံတက်ရောက်ကုသခဲ့ရတာမှန်ပေမဲ့ အသက်အန္တရာယ် မရှိခဲ့ဘဲ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း မီဒီယာတွေမှာဖော်ပြပါတယ်။ ယခုဗွီဒီယိုမှာလည်း ဒီအကြောင်းပဲဖော်ပြထားပေမဲ့ ခေါင်းစဉ်တုတပ်ပြီး KNU ဥက္ကဌဟာ ဘန်ကောက်မှာ ဆေးရုံတက်ရင်း ကွယ်လွန်သွားတယ်ဆိုပြီးတော့ ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

ပြောဆိုချက်- KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ကွယ်လွန်

Avatar

Title:Fact Check: KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်မှာ သေဆုံးတဲ့ သတင်းမှား

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *