Fact Check: အာဇာနည်နေ့ ဗုံးပေါက်ကွဲမှု လူ ၈၀ ကျော်သေဆုံးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှု လူ ၈၀ ကျော်သေဆုံးတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုသာဖြစ်တယ်။

အောက်ပါဓာတ်ပုံကတော့ “Thit News”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ကို စခရင်ရှော့ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ အာဇာနည်နေ့မှာ PDF တွေ ရန်ကုန် ဝင်စီးပြီး ဗုံး ၅ လုံးပေါက် ကွဲခဲ့တယ်လို့  ဒီစာမျက်နှာကပဲ နောက်ထပ် ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ၉ ဦးကျဆုံးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာ အောက်မေ့ဖွယ်အခမ်းအနားအနေနဲ့ စစ်ကောင်စီက သူတို့ ထိန်းချုပ်တဲ့ မြို့တွေမှာ အခမ်းအနားလုပ်သလို အမျိုးသားညီညွှတ်ရေး အစိုးရလက်အောက်ခံ တော်လှန်ရေးအင်အားစုတွေကလည်း သတိရအောက်မေ့မှုအဖြစ် လှုပ်ရှားမှုတွေရှိပါတယ်။

သို့ပေမဲ့ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလို အာဇာနည်နေ့အခမ်းအနားကို ဗုံးခွဲတာ၊ ထိခိုက်သေဆုံးတာမျိုး သတင်းဖော်ပြချက်မျိုးမရှိပါဘူး။

အခုဖြန့်ဝေနေတဲ့ ဗွီဒီယိုရဲ့ အစမှာပြသတဲ့ ရုပ်သေဓာတ်ပုံ(thumbnail)မှာ အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲလို့ လူ ၈၀ ဦးသေတယ်ဆိုတဲ့အကြောင်းလည်း မပါဝင်ပါဘူး။ ဗွီဒီယိုထဲမှာ “တောင်ငူထောင်ဖောက်ပြေးမှုနဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်တွေ အရေးယူခံရ”၊ “အိန္ဒိယကာကွယ်ရေးအတွင်းဝန်နဲ့ မြန်မာစစ်ခေါင်းဆောင်တို့တွေ့ဆုံမှု ဒုက္ခသည်တွေ စိုးရိမ်”၊ “လိုင်ဇာမြို့ကပြည်သူတွေ သတိထားနေထိုင်ဖို့ KIO သတိပေး”၊ “မိုင်းယော်မှာ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်၊ ကျေးရွာခံတွေ ဖမ်းဆီးခံရ”စတဲ့ သတင်းတွေကို ဖတ်ကြား နေခြင်းဖြစ်တယ်။  

သုံးသပ်ချက်

အာဇာနည်နေ့အကြောင်းအရာဟာ ယနေ့ ဇူလိုင် ၁၉ ရက်အတွက် ရေပန်းစားတဲ့အကြောင်းအရာဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေကိုလိုက်ပြီး သတင်းတုဖန်တီးသူတွေက အခုလိုပဲ  အာဇာနည်ဗိမာန် ဗုံး‌ပေါက်ကွဲပြီး လူ ၈၀ ကျော် သေဆုံးတယ်လို့ ဖြန့်ချိလာတာဖြစ်တယ်။ ဗွီဒီယိုထဲမှာတော့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ အဖမ်းအဆီးနဲ့ တိုက်ပွဲ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်တယ်။

ပြောဆိုချက်-  အာဇာနည်ဗိမာန် ဗုံး‌ပေါက်ကွဲပြီး လူ ၈၀ ကျော် သေဆုံး

Avatar

Title:Fact Check: အာဇာနည်နေ့ ဗုံးပေါက်ကွဲမှု လူ ၈၀ ကျော်သေဆုံးတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *