Fact Check: စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် လုပ်ကြံသတ်ဖြတ်ခံရဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲ့ လုပ်ကြံသတ် ဖြတ်ခြင်းခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “PDFတွေကိုဖမ်းချင်တဲ့ရန်ကုန်ဝန်ချုပ်ဦးဝင်းအောင်နဲ့ခွေး(၅)ဦးကို ဖရဲသီးနဲ့မျှားခေါ်ရှင်းလင်းခံရ”လို့ ဗွီဒီယိုပို့စ်မှာရေးသားထားပြီး ဗွီဒီယိုထဲမှာလည်း အလားတူရေးသားမျှဝေထားရာမှာ ဒီယူကျူ့ဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း တစ်သိန်း နှစ်သောင်းကျော်ရှိပါတယ်။ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ဒီလိုရေးသားမျှဝေထား တာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

လက်ရှိ စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟာ ဦးစိုးသိန်းဖြစ်ပါတယ်။

ထို့အပြင် ၄ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်မီဒီယာက ဖော်ပြခဲ့တဲ့ ရန်ကုန်၊ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ စည်ပင်ဝန်းထဲက တိုက်ခန်းတွေမှာ စစ်ဗိုလ်တွေနဲ့ တိုက်ပွဲများအတွင်း ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ စစ်သားတွေကိုပါ နေရာချထားမှု အကြောင်းနဲ့ မြန်မာနိုင်ငံသို့ ဆေးနဲ့ ဆေးပစ္စည်းများ ပေးပို့လှူဒါန်းရန် Project C.U.R.E အဖွဲ့နဲ့ NUG အစိုးရ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းသာပါဝင်ပါတယ်။ သတင်းအပြည့်အစုံကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

ရန်ကုန်ခေတ်သစ်မီဒီယာက ဖော်ပြခဲ့တဲ့ ရန်ကုန် ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ စည်ပင်ဝန်းထဲက တိုက်ခန်းတွေမှာ စစ်ဗိုလ်တွေနဲ့ တိုက်ပွဲများအတွင်း ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့တဲ့စစ်သားတွေကို ချထားပေးတယ်ဆိုတဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲတပ်ဖြန့်ချိထားခြင်းဖြစ်တယ်။ ရန်ကုန်ဝန်ချုပ်နဲ့အဖွဲ့လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အဖွဲ့ PDF ရဲ့လုပ်ကြံသတ်ဖြတ်ခံရ

Avatar

Title:Fact Check: စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် လုပ်ကြံသတ်ဖြတ်ခံရဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *