Fact Check: ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ လေယာဉ်ပေါ်အတက် မိုင်းခွဲခံရဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ ရန်ကုန်လေဆိပ်မှာ လေယာဉ်‌ပေါ်အတက် မိုင်းခွဲခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ် တယ်။

အောက်မှာ စာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၅ ရက်ကဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု အကြိမ်အရေ အတွက် တသိန်း ခုနှစ်သောင်းဝန်းကျင်ရှိထားပြီဖြစ်တယ်။

“ရန်ကုန် လေဆိပ် ပွတ်လောရိုက်ကုန်ပြီ ပြည်ပပြေးဖို့ လုပ်နေကြတဲ့ ဗိုလ်ချုပ်မိသားစုများ လေယဉ်ပေါ်အတက် မိုင်းခွဲခံရ”(မူရင်းအ‌ရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် အ‌ကြောင်း အရာတွေနဲ့ လုပ်ကြံရေးသားချက်တွေကို ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။  Fact Crescendo Myanmar က ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဒီဗွီဒီယိုထဲစမှာပြသတဲ့ Thumbnail ဓာတ်ပုံစာသားအပါအဝင်  ၁ မိနစ် ၄၇ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာပါတဲ့ အသံဖိုင်မှာလည်း ရန်ကုန်လေဆိပ်မှာ မနက်အစောပိုင်း‌ ပေါက်ကွဲမှုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုနဲ့ စစ်ဗိုလ်ချုပ်တွေ မိသားစုတွေပါဝင်ခဲ့ပြီး နိုင်ငံတကာသတင်းတွေမှာ လည်းဖော်ပြ တယ်လို့ဆိုထားပါတယ်။  တကယ်တော့ ဒီလို သတင်းဖော်ပြချက် ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ‌ ဖော်ပြချက်မရှိပါဘူး။ အောက်ပါကတော့ သတင်းအပါအဝင် အကြောင်းအရာတွေကို ရှာဖွေရာမှာ နာမည်ကြီးတဲ့ Google မှာ ရှာဖွေကြည့်ရာ ဒီဇင်ဘာ ၂၅ ရက်မှာ သတင်းတစုံတရာဖော်ပြချက်မရှိပါဘူး။ 

သို့သော်လည်း ဒီဇင်ဘာ ၂၄ ရက်က ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရန်ကုန်မှာ ကျင်းပတဲ့ ရေတပ်အခမ်းအနားလာရောက်ချိန်မှာ မြောက်ဒဂုံ ကျောင်းလမ်းမှတ်တိုင်အနီး၊ မရမ်းကုန်း သမိုင်းလမ်းဆုံက စစ်‌တပ်ဘန်ကာနဲ့ သာကေတမြို့နယ်တနေရာမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ကြောင်း သတင်းဖော်ပြချက်တွေ့ရပြီး တစုံတရာထိခိုက်ပျက်စီးမှုသတင်း‌တော့ မတွေ့ရပါဘူး။ ဒီပေါက်ကွဲတဲ့နေရာတွေထဲက ရန်ကုန်လေဆိပ်နဲ့ အနီးဆုံးနေရာဖြစ်တဲ့ သမိုင်းလမ်းဆုံဟာ အနည်းဆုံး ၇ ကီလိုမီတာကွာဝေးပါတယ်။

သုံးသပ်ချက်

Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ လုပ်ကြံသတင်းတွေနဲ့ သတင်းမှားတွေကို ပုံမှန်ဖြန့်ချိနေတဲ့ နေရာတခု ဖြစ်တယ်။ ရန်ကုန်လေဆိပ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစု အပါအဝင် ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင်တွေ လေယာဉ်ပေါ်အတက်မိုင်းခွဲခံရတယ်ဆိုတာ သတင်းတု သတင်းမှား သာဖြစ်တယ်။

ပြောဆိုချက်- ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ ရန်ကုန်လေဆိပ်မှာ လေယာဉ်ပေါ်အတက် မိုင်းခွဲခံရ

Avatar

Title:Fact Check: ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ လေယာဉ်ပေါ်အတက် မိုင်းခွဲခံရဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *