Fact Check: မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ဖွဲ့လုံး မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးလက်နက်ချပြီး အာဏာပြန်မလွှဲမချင်း ဖျက်သိမ်းကာ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြားပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။

အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။ 

မူရင်းလင်ခ့် – Youtube linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧပြီ ၂၄ ရက်မှာပဲ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ရေစကြိုမြို့နယ် ရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထားဝယ်-ရေးလမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ပစ်ခတ်တိုက်ခိုက်”ဆိုတဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲတပ်မျှဝေနေခြင်း ဖြစ်ပါတယ်။ 

ဧပြီလ ၂၃ ရက်က ရေစကြိုမြို့နယ် မြို့မရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ဗုံးသီးတစ်လုံ ဟာ ရဲစခန်း ပင်မ အဆောင်နဲ့ နောက်ဗုံးသီးတစ်လုံးက စခန်းထံသို့ ကျရောက်ပြီး ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း ရေစကြိုမြို့ နယ်၊ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့-ပကဖ၊ မိုးကြိုးတပ်ခွဲတာဝန်ရှိသူကို ကိုးကားရေးသားထားတဲ့ သတင်းနဲ့ တနင်္သာရီတိုင်း၊ ထားဝယ်-ရေးကားလမ်းပေါ်က စစ်တပ်ရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ယနေ့ နံနက်ပိုင်း ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးမှုရှိတဲ့ သတင်းအကြောင်း အရာပဲဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဧပြီ ၂၄ ရက်မှာဖော်ပြခဲ့တဲ့  PDF တွေရဲ့ စစ်တပ်စစ်ဆေးရေးဂိတ်နဲ့ ရဲစခန်းတစ်ခုကို တိုက်ခိုက်မှုသတင်းကို စစ်တပ်ထိန်းချုပ်မှုအောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဖျက်သိမ်းလိုက်တယ်ဆိုပြီးတော့ သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိနေခြင်းဖြစ်တယ်။

ပြောဆိုချက်- ရဲတပ်ဖွဲ့တစ်ခုလုံးလက်နက်ချပြီး အာဏာပြန်မလွှဲမချင်း ဖျက်သိမ်းကာ မင်းအောင်လှိုင်ကို ပုန်ကန်

Avatar

Title:Fact Check: မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ဖွဲ့လုံး မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *