Fact Check: ဗိုလ်နဂါးဦးဆောင်တဲ့ MRDA ကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ကြေညာတဲ့သတင်းတု

False နိုင်ငံရေး | Politics

မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကို အမျိုး သားညီညွှတ်ရေးအစိုးရ(NUG)က အကြမ်းအဖွဲ့အဖြစ် ကြေညာ လိုက်တယ်ဆိုပြီး ထုတ်ပြန်ချက်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာဟာ သတင်းတုသာဖြစ်တယ်။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ ပို့စ်တခုရဲ့ စခရင်ရှော့အတွက်ဖြစ်တယ်။ 

မူရင်းလင်ခ့် – Fb link | Archive link

နွေဦးတော်လှန်ရေးမှာ တက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုနဲ့ ပွတ်တိုက်မှုတွေဖြစ်ပြီးနောက် အခုလို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခဲ့တာလို့လည်း ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဒီလိုထုတ်ပြန်ထားတာမရှိကြောင်း၊ MRDA ဟာလည်း စစ်အာဏာရှင်ကို တော်လှန်နေသည့် အဖွဲ့အစည်းတခုဖြစ်တာကြောင့် အကြမ်းဖက်အဖြစ် သတ်မှတ်ခြင်းမရှိကြောင်း၊ သွေးကွဲစေရန် ဖြန့်ဝေမှုဖြစ်ကြောင်း မဇ္ဈိမကို ဖြေကြားထားပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

အခုထုတ်ပြန်ချက်အတုကို စစ်တပ်လော်ဘီတွေက တယ်လီဂရမ်မှာဖြန့်ဝေနေကြောင်းနဲ့ ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ အမှတ်တံဆိပ်၊ ကာကွယ်ရေးဝန်ကြီးရဲ့ လက်မှတ်တွေပါ အတုဖန်တီးထားကြောင်းပြောပြီး ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းမရှိကြောင်းနဲ့ ဂျင်းသတင်း(သတင်းတု)ဖြစ်ကြောင်း  NUG ရဲ့ သတင်းဌာန တခုဖြစ်တဲ့ PVTV က ဩဂုတ် ၂၉ ရက်က အချက်အလက်စိစစ်ချက်အဖြစ်ဖော်ပြခဲ့ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကို ဦးဆောင်နေသူ ဗိုလ်နဂါးနဲ့ ပန်ဆယ်လို အွန်လိုင်းပေါ်မှာ စကားများ ရန်ဖြစ်တာကို လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ချိန်မှာ အခုလို အချိန်ကိုက်သတင်းတုဖြန့်ချိခဲ့တာတွေ့ရပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က MRDA ကိုအကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်တယ်ဆိုတာ မဟုတ်ပါ ဘူး ။ NUG ရဲ့က ထုတ်ပြန်ချက်ပုံစံဟာလည်း တုပပြုလုပ်ထားခြင်းသာဖြစ်တယ်။ 

ပြောဆိုချက်- MRDA ကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ကြေညာ

Avatar

Title:Fact Check: ဗိုလ်နဂါးဦးဆောင်တဲ့ MRDA ကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ကြေညာတဲ့သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *