
ပုသိမ်အကျဉ်းထောင် ဖောက်ခံရပြီး အကျဉ်းသားအားလုံလွတ်မြောက်သွားတယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။
ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ“၁၄ ရက်နေ့ ပုသိမ်အကျဉ်းထောင် အရေးပေါ် ထောင်ဖောက်ခံရ အကျဉ်းသား အားလုံး ပျောက်ဆုံး“လို့ စသည် ဖြင့် ရေးသားထားပါတယ်။ “KAKA Drama”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link| Archive link
အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
၇ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ ပုသိမ်အကျဉ်းထောင် အရေးပေါ် ထောင်ဖောက်ခံရ အကျဉ်းသား အားလုံးပျောက်ဆုံး တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
အမှန်တကယ် အသံဖိုင်ထဲမှာ ပါဝင်တဲ့ သတင်းအကြောင်းအရာတွေကတော့“ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား တချို့၏ ကျန်းမာရေး စိုးရိမ်ရသည်ဟုဆိုကာ ငွေလိမ်တောင်း”၊“ရခိုင်တွင် ဇာတ်သဘင်များ ကပြဖျော်ဖြေခွင့်ကို AA မှ တစ်လခန့်ပိတ်ပင် “၊“စစ်အုပ်ချုပ်ရေး ဒေသများနှင့် စစ်ရေးအလားအလာ” စတဲ့ မီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်တဲ့ သတင်းဌာနအသီးသီးရဲ့ သတင်းများကို ပြန်လည်ဖတ်ကြားနေတာ ဖြစ်ပါ တယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ “ပုသိမ်အကျဉ်းထောင် ဖောက်ခံရပြီး အကျဉ်းသားအားလုံပျောက်ဆုံး” ဆိုတဲ့ သတင်းဟာ လူစိတ်ဝင်စားမှုရရှိအောင် သတင်းခေါင်းစဉ်တုနဲ့ မျှဝေနေခြင်းဖြစ်ပါတယ်။ တကယ်တော့ မီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်တဲ့ သတင်းဌာနအသီးသီးရဲ့ သတင်းများကို ပြန်လည်ဖတ်ကြားနေတာ ဖြစ်ပါ တယ်။ပြောဆိုချက်- ပုသိမ်အကျဉ်းထောင် ဖောက်ခံရပြီး အကျဉ်းသားအားလုံပျောက်ဆုံး

Title:Fact Check: ပုသိမ်အကျဉ်းထောင် ထောင်ဖောက်ခံရ အကျဉ်းသားအားလုံးပျောက်ဆုံး သတင်းတု
Fact Check By: Zun ZeeResult: False