Fact Check: နေပြည်တော်ကောင်စီရုံး PDF ဝင်စီး၊ ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရတဲ့ သတင်းတု

False နိုင်ငံရေး | Politics

နေပြည်တော်ကောင်စီရုံး PDF ဝင်စီးပြီး ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရမှု ဗွီဒီယိုလို့ဆိုထားတဲ့ ပို့စ်တစ်ခုယူကျူ့မှာ ကြည့်ရှူ့မှုများပြားလျက်ရှိတယ်။ တကယ်တော့ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တု တပ်ထားတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နေပြည်တော် စစ်ကောင်စီရုံးကို တိုက်ခိုက်ခဲ့တဲ့အကြောင်း သတင်းဖော်ပြချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လွတ်လပ်တဲ့ အာရှအသံမှာ ဇူလိုင် ၁၃ ရက်က သတင်းဖော်ပြချက်တွေဖြစ်တဲ့ “ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စ မဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ပြော”၊ “ထိုင်း Move Forward Party ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မခံရ”၊ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “တီးတိန်မြို့နယ်၊ သိုင်းငင်ရွာရှိ စစ်တပ် ကင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးကာ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ” စတဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။

သတင်းဗွီဒီယိုတခုလုံးမှာလည်း နေပြည်တော်ကောင်စီရုံးကို PDF ကဝင်ရောက်စီးနင်းမှုအပါအဝင် ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရမှုအကြောင်းမပါဝင်ပါဘူး။

သုံးသပ်ချက်

နေပြည်တော်ကောင်စီရုံးကို PDF ကဝင်ရောက်စီးနင်းမှုအပါအဝင် ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရမှုဆိုတာ လူစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ ဗွီဒီယိုထဲမှာ တကယ်တော့ တိုက်ပွဲသတင်း၊ ထိုင်းဝန်ကြီးချုပ်သတင်း၊ နေပြည်တော် ငြိမ်ချမ်းရေးဆွေးနွေးမှု စတဲ့ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ 

ပြောဆိုချက်- နေပြည်တော်ကောင်စီရုံးကို PDF ဝင်ရောက်စီးနင်းမှု ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရ

Avatar

Title:Fact Check: နေပြည်တော်ကောင်စီရုံး PDF ဝင်စီး၊ ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရတဲ့ သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *