
ထိုင်းနယ်စပ်က တဆင့် NUG ကို အမေရိကန်က လက်နက်ထောက်ပံ့ချိန်မှာပဲ ထိုင်းနိုင်ငံမှာ အာဏာသိမ်း မှုဖြစ်ခဲ့ပေမဲ့ NUG ကို အဆုံးထိ ကူညီမယ်လို့ အမေရိကန်ပြောတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခုကို ယူကျူ့ အသုံးပြုသူ ထောင်ဂဏန်းက ကြည့်ရှု့ထားတယ်။ သတင်းခေါင်းစဉ်တုတစ်ခုသာဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “Usမှ လက်နက်တွေရောက်ရှိကြောင်း ကြေညာ”လို့ရေးသားထားပြီး ဗွီဒီယိုအစမှာပြတဲ့ ရုပ်သေဓာတ်ပုံစာသားထဲမှာ လည်း “ထိုင်းနယ်စပ်လက်နက်ရောက်ချိန် ထိုင်းအာဏာသိမ်းမှုဖြစ်ပွားနေ Usမှပို့တဲ့စစ်လက်နက်တွေရောက်ရှိ NUG ကိုအဆုံးထိကူညီမည်ဖြစ်ကြောင်း”စသည်ဖြင့်ရေးသားထားပါတယ်။ ထို့အပြင် အမေရိကန်သမ္မတ သမ္မတဂျိုးဘိုင်ဒန်ဓာတ်ပုံ၊ သတင်းတင်ဆက်သူ တစ်ဦးဓာတ်ပုံတို့နဲ့အတူ ဒီစာသားတွေ ဖြန့်ဝေနေ တာဖြစ်ပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို အမေရိကန်က လက်နက်ထောက်ပံ့တယ်ဆိုတဲ့ သတင်းမှားကို မကြာခဏဖြန့်ဝေနေတယ်။ Fact Crescendo Myanmar ကအချက်အလက် စိစစ်ထားတာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ လူထုအကြားရေပန်းစားပေမဲ့ လက်နက်လိုအပ်ချက် ရှိနေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဒီလိုနိုင်ငံကြီးတစ်နိုင်ငံဆီကနေ လက်နက်အကူအညီမျိုးဟာ လူတွေစိတ်ဝင်စား မှုခံရလေ့ရှိတဲ့ သတင်းပဲဖြစ် တာကြောင့် NUG ကို အမေရိကန်က လက်နက်ထောက်ပံ့ပြီဆိုတဲ့ သတင်းဟာ သတင်းတုဖြန့်ချိသူတွေ အကြိုက်သတင်းခေါင်းစဉ်တုတစ်ခုဖြစ်နေတယ်။
ထို့အတူ ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်ပြီးဆိုတဲ့ သတင်းမှားပို့စ်တွေဟာလည်း တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေဦးဆောင်တဲ့ Move Forward ပါတီဟာ မေလအတွင်းကျင်းပတဲ့ ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက်မှာ အွန်လိုင်း အသုံးပြုသူတွေ အကြား မကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်ပြီး လူတွေ ဆန္ဒပြနေကြသလို စစ်တပ်က အနိုင်ရ Move Forward ပါတီခေါင်းဆောင်အပါအဝင် ၁၃ ဦးကိုပစ်သတ်လိုက်တယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းခဲ့ပြီး Fact Crescendo Myanmar က ပြီးခဲ့တဲ့ရက်ပိုင်းက အချက်အ လက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
Move Forward ပါတီ ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက်မှာ ထိုင်း ဘုရင်စနစ်ကို သစ္စာခံတဲ့ ရှေးရိုးစွဲသမား တွေရဲ့ စိုးရိမ်မကင်းဖြစ်နေပြီး ထိုင်းမှာလည်း ပဋိပက္ခနဲ့ အကြပ်အတည်းဖြစ်လာနိုင်ကြောင်း သတိပေး ထားပါတယ်။
ထို့အပြင် အခုသတင်းတုဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ နိုင်ငံ ၂၅ နိုင်ငံ လေယာဉ် အစီး ၂၅၀ ကျော်ပါဝင်တဲ့ နေတိုး မဟာမိတ်အဖွဲ့ရဲ့သမိုင်းမှာ အကြီးမားဆုံး လေတပ်စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ဂျာမဏီနိုင်ငံမှာ ဇွန်လ ၁၂ ရက် မနေ့ကစတင်လိုက်တဲ့အကြောင်းနဲ့ ILO ညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားလှယ်တွေ တက်ရောက်ခွင့်မရ စတဲ့ ပြည်တွင်းပြည်ပသတင်းတွေကို ဖော်ပြနေခြင်းဖြစ်တယ်။
သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့အကောင့်ဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်တု ခေါင်းစဉ်မှားတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိတဲ့ အကောင့်တစ်ခုက ဖြန့်ချိမှုသာဖြစ်တယ်။ သတင်းခေါင်းစဉ်မှာ တပ်ထားသလို NUG ကို အမေရိကန်က လက်နက်ထောက်ပံ့တယ်ဆိုတာမဟုတ်သလို ထိုင်းမှာ စစ်အာဏာသိမ်း တယ်ဆိုတာလည်းမဟုတ်ပါဘူး။
ပြောဆိုချက်- NUG ကို နယ်စပ်ကတဆင့် အမေရိကန် လက်နက်ထောက်ပံ့မှုစချိန် ထိုင်းမှာစစ်အာဏာသိမ်း