Fact Check: CDM စစ်သား ၅ ဦး KNU ကသတ်ပစ်လိုက်ပြီဆိုတဲ့သတင်းမှား

Misleading နိုင်ငံရေး | Politics

အာဏာဖီဆန်ပြီး CDM ပြုလုပ်ထားတဲ့ စစ်ကောင်စီတပ်သား ၅ ဦးကို ကရင်အမျိုးသားအစည်းအရုံး (KNU )က သတ်ပစ်လိုက်ပြီဆိုပြီး ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့ ကြားမှာပျံ့နှံ့ခဲ့ပါတယ်။ ဝါးထရံကိုကျောပေးရပ်နေတဲ့ အမျိုးသား ၅ ဦးရဲ့ ရိုက်ထားတဲ့ ဓာတ်ပုံဟာ ပစ်သတ်ခံရတဲ့ ခမရ ၁၀၂ က စစ်သား ၅ ဦးရဲ့ ဓာတ်ပုံဖြစ်တယ် လို့လည်း ဒီပို့စ်မှာပါဝင်ပါတယ်။  တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။

“ခမရ ၁၀၂ က စစ်သည် ၅ ဉီး လက်နက်နဲ့ 

တောခိုသွားတော့ နီပိတ်တွေက warmly 

welcome people’s soldier ဆိုပြီး ပျော်

ပြနေတာ အမြင်ကပ်လောက်အောင်ပဲ။

KNU ကလည်း ကောင်းမွန်စွာ လက်ခံ၊ကျွေးမွေး

ထားပါတယ်ဆိုပြီး ထမင်းကျွေး၊ကော်ဖီတိုက်တဲ့ 

ဓာတ်ပုံတွေရိုက် မီဒီညာတွေဆီပေး အွန်းလိုင်းပေါ်

ကနေ သူတို့ဂုဏ်ကို မြှင့်ယူကြတယ်။

မကြာပါဘူး မနေ့ ဇူလိုင် ၁၅ က ဒီ တောခို စစ်

သည် ၅ ဉီးကို KNU က သူတို့ စစ်ကြောင်းတည် 

နေရာကို လိုက်ပြခိုင်းတာ စစ်ကြောင်းကိုလည်း

မတွေ့၊ နေရာလည်း မပြနိုင်လို့ ပြဿနာတက်ပြီး 

tတ်ပစ်လိုက်ပြီ ဆိုပြီး သတင်း ထပ်တက်လာ

တယ်။———လင်းနေ #KT ”လို့ ပို့စ်မှရေးသားထားတာကို တွေ့ရပြီး၊ ၎င်းကို “Tanintharyi News ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။ 

တူညီတဲ့ရေးသားမျှဝေမှုတွေကိုလည်း ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့စကားလုံးအသုံးပြုရှာဖွေကြည့်ရာမှာ ဓာတ်ပုံဟာ ခမရ ၁၀၂ က စစ်သည် ၅ ဉီးဖြစ်တာတွေ့ရပါ တယ်။ တူညီတဲ့ ဓာတ်ပုံသာမက စစ်တပ်ကထွက်ပြေးလွတ်မြောက် လာတဲ့ စစ်သား ၅ ဦးမှ တပ်သား ဇော်ထက်အောင်ရဲ့ကိုယ်တိုင် ပြောဆိုချက်များပါဝင်တဲ့ ဗွီဒီယိုဖိုင်ကို လည်း တွေ့ရှိရပါတယ်။ ဒီလင့်ခိမှာ ကြည့်နိုင်ပါတယ်။ 

မူရင်းလင်ခ့်- Myanmar Pressphoto AgencyArchive link

ခမရ ၁၀၂ ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို ကောင်းမွန်စွာ ထိန်းသိမ်း ထားရှိကြောင်း ကော်ဘရာစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ ကော်ဘရာ စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာကြည့်နိုင်ပါတယ်။ ဇူလိုင် ၂၈ ရက်မှာလဲ အခြားသောထိန်းသိမ်းထားသူတွေနဲ့အတူ စစ်ကြောင်းမှူး ဗိုလ်ဒါဘောစကားပြောနေတဲ့ ဗွီဒီယိုဖိုင်ကို ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ခဲ့တာတွေ့ရပြီး ဖမ်းဆီးခံထား ရသူတွေဟာ လွတ်လွတ်လပ်လပ်ရှိနေပြီး နိုင်ငံရေး၊စစ်ရေးကိစ္စတွေပြီးသွားရင် မိသားစုတွေဆီ အပ်မယ်လို့ ပြောကြားနေတာတွေ့ရပါတယ်။

သုံးသပ်ချက်

မြန်မာစစ်တပ်တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ကော်ဘရာစစ်ကြောင်းထံရောက်နေတဲ့ ခမရ ၁၀၂ က စစ်သား ၅ ဦးကိုသတ်လိုက်ပြီဆိုတဲ့ သတင်းဟာ လုပ်ကြံရေးသားပြီးသတင်းမှားဖြန့်နေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: CDM စစ်သား ၅ ဦး KNU ကသတ်ပစ်လိုက်ပြီဆိုတဲ့သတင်းမှား

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *