
အလင်းဝင်လာတဲ့ ဗိုလ်မှူးတင်လင်းအောင်၊တပ်သားဟိန်းမင်းထွေးတို့မှာစစ်တပ်က သူရဲကောင်းမှတ်တမ်း ရရှိထားသူတွေဖြစ်လို့ သတိထားဖို့နဲ့ စစ်တပ်က လာရောက်ပူးပေါင်းတဲ့သူတွေကို သတိထားစောင့်ကြည့်ဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်ချက်ဆိုပြီးတော့ထုတ်ပြန်ချက်အတုတစ်ခုပျံ့နှံ့ခဲ့ပါတယ်။
“May La Minn”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“အလင်းဝင်ရောက်လာသူ
ဗိုလ်မှူးတင်လင်းအောင် နဲ့ ပတ်သတ်ပြီး
ကရင်အမျိုးသားအစည်းအရုံး(KNU) ၏အသိပေးထုတ်ပြန် ကြေညာချက်,,,
#crdphoto
(3•4•2022)mlm” စသည်ဖြင့် ရေးသားပြီးအောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
KNU ဒူးပလာယာခရိုင်က အလုပ်အမှုဆောင်ကော်မတီက ဒီထုတ်ပြန်ချက်ဟာ အတုဖြစ်တယ်လို့ ၎င်းတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာက တစ်ဆင့်ရှင်းလင်းထားတာတွေ့ရပါတယ်။
“ယခု ထုတ်ပြန်ချက်သည် စာအတုဖြစ်ပြီး
KNU ကော့ကရိတ် မြို့နယ်၏ ထုတ်ပြန်ချက် မဟုတ်ကြောင်း အသိပေးအပ်ပါသည်”

မူရင်းလင်ခ့် – ဒူးပလာယာခရိုင် | Archive link
KNU ဒူးပလာခရိုင်ရဲ့ ထုတ်ပြန်ချက် စာအမှတ် ၂/၂၀၂၂ ခုနှစ်ဟာ မြဝတီလမ်းပိုင်းက အသုံးမပြုဖို့ ထုတ်ပြန်ချက်ကို အတုပြုလုပ်ထားခြင်းတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
အလင်းဝင်လာတဲ့ ဗိုလ်မှူးဟာ ဖေ့စ်ဘွတ်မှာရေးသားခဲ့တဲ့ သူ့ရဲ့ ရပ်တည်ချက်တွေကြောင့် ဝေဖန်မှုတွေ လည်းရှိခဲ့ပါတယ်။
လေးကေ့ကော်ဒေသကို စစ်ကြောင်းထိုးလာတဲ့ ခမရ (၅၈၅) က ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်သားကိုဟိန်းမင်းထွေးတို့ သေနတ် ၃ လက်နဲ့ လာရောက် ပူးပေါင်းတဲ့သတင်းကို Cobra Column ကပဲ ဧပြီ ၂ ရက်က ထုတ်ပြန်ခဲ့တဲ့ ဒီစာဖေ့စ်ဘွတ်စာမျက်နှာကလည်း ထုတ်ပြန်ချက် အတုဖြစ်ကြောင်း ထပ်မံအတည်ပြု ပြန်လည်ရှင်းလင်းခဲ့တာတွေ့ရပါတယ်။
သုံးသပ်ချက်
ဗိုလ်မှူးတင်လင်းအောင်၊တပ်သားဟိန်းမင်းထွေးတို့နဲ့ပတ်သက်ပြီး KNU ကထုတ်ပြန်ချက်ဟာအတုအ ယောင်တစ်ခုသာဖြစ်ပါတယ်။

Title:Fact Check: KNU ကအလင်းဝင်လာတဲ့ဗိုလ်မှူးနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ဆိုပြီးတော့ သတင်းတုဖြန့်
Fact Check By: Zun ZeeResult: False