Fact Check: မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ PDF များ မီးရှို့ဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

 အမျိုးသားညီညွှတ်‌ရေးအစိုးရ(NUG ) လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်(PDF )က မြိုင်မြို့နယ်ရှိရွာတွေ ကို မီးရှို့ခဲ့တယ်ဆိုပြီးပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားဖြစ်ပါတယ်။

“မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ pdf များ မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲရှိ ကျေးရွာ ၃ ရွာက နေအိမ်အချို့ကို NUG လက်အောက်ခံ pdf များက ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၃၄ လုံးပြာကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ NUG လက်အောက်ခံ pdf များကဒီဇင်ဘာလ ၂၉ ရက်နေ့လည် ၂ နာရီလောက်မှာ အိမ်ခြေ ၁၀၀ ခန့်ရှိတဲ့ ကန်နက်ရွာကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၈ လုံး ပျက်စီးခဲ့သလို ဒီဇင်ဘာလ ၃၀ ရက်ဒီကနေ့မနက် ၄ နာရီဝန်းကျင်မှာလည်း အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့အိုးဘိုရွာကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၇၀ လုံးပျက်စီးသွားခဲ့ တယ်လို့ သိရှိရပါတယ် 

#kokhant”စသည်ဖြင့် ရေးသားပြီး “  Linna Yee  ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

Google မှာ အဓိကကျတဲ့စကားလုံးအသုံးပြူပြီး အကြောင်းအရာကိုရှာဖွေကြည့်ရာမှာ မကွေးတိုင်း၊ မြိုင်မြို့နယ် ထဲက ကျေးရွာ ၃ ရွာက နေအိမ်အချို့ကို NUG လက်အောက်ခံ PDF များက ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၃၄ လုံးပြာကျ ပျက်စီးခဲ့တယ်ဆိုတာဟာ မူရင်း သတင်း စာသားကို အပြောင်း အလဲ ပြူလုပ်ပြီး ပုံဖျက်ရေးသားထားတဲ့ သတင်းမှားဖြစ်တာကို တွေ့ရပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က မြေလတ်အသံ သတင်းဌာနက ဖော်ပြခဲ့တဲ့  “ မြိုင်နယ် က ရွာ ၃ ရွာကို စစ်အုပ်စု မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး”ဆိုတဲ့  သတင်းကို အသုံးပြုပြီး ဝါဒဖြန့် တာဖြစ်ပါတယ်။ အောက်မှာကြည့်ပါ။

မူရင်းလင်ခ့် – Myaelatt AthanArchive link  

သတင်းမှားပါ မြင်ကွင်းနဲ့ စာသားတွေကို  ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က မြေလတ်အသံ သတင်းဌာနက ဖော်ပြခဲ့တဲ့သတင်းနဲ့ အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ “မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ PDF မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး”ဆိုတဲ့ သတင်းဟာ  မြေလတ်အသံ သတင်းဌာနက ဖော်ပြခဲ့တဲ့  “ မြိုင်နယ် က ရွာ ၃ ရွာကို စစ်အုပ်စု မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး”ဆိုတဲ့  သတင်းကို ပုံဖျက်ရေးသားပြီး ဝါဒဖြန့် နေတာဖြစ်ပါတယ်။ 

Avatar

Title:Fact Check: မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ PDF များ မီးရှို့ဆိုတဲ့ သတင်းမှား

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *