Fact Check: AA က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံးဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

ရခိုင့်တပ်(AA)က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံးခဲ့ပြီး ရဟတ်ယာဉ်မှုး တဦးပျောက်ဆုံးနေတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေ ထားရာမှာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ ဓာတ်ပုံစာသားထဲမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ ဖေဖော်ဝါရီ ၄ ရက်စွဲနဲ့ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၁ ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၂သိန်း‌ကျော်ရရှိထားပါတယ်။

“FN-6 ရခိုင့်တပ်(AA)ထုတ်သုံးပြီ MI-17 ရုရှားထုတ် ရခိုင့်တပ် AA ပစ်ချလိုက်ပြီ ဗိုလ်မှူးကြီး(၁၈)ဦးသေဆုံး၊ ရဟတ်ယာဉ်မှူး အစဖျောက်” (မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ဝေလေ့ရှိတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီမှာကြည့်ပါ။ 

အခုဗွီဒီယိုမှာလည်း ဗွီဒီယိုပါအကြောင်းအရာဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ “စစ်ကောင်စီ၏ ရဟတ်ယာဉ်တစင်း ကို AA ပစ်ချ”ဆိုတဲ့ သတင်းကို ဖတ်ကြားနေခြင်းဖြစ်တယ်။ ဒီလို မီဒီယာတွေဖော်ပြချက်သတင်းမှာဖြစ်စေ ယခုလို ချဲ့ကားရေးသားဖြန့်နေတဲ့ ဗွီဒီယိုထဲပါသတင်းမှာဖြစ်စေ မူလထုတ်ပြန်ချက်မှာဖြစ်စေ ပစ်ချခဲ့တဲ့ ရက်၊ တည်နေရာနဲ့ အသေးစိတ်ပါဝင်ခြင်းမရှိပါဘူး။ ဒီလိုပဲ စစ်ကောင်စီဘက်က ဘယ်သူတွေ သေဆုံးတယ်ဆိုတာလည်းဖော်ပြချက်မရှိပါဘူး။

၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီယူကျူ့ဗွီဒီယိုထဲမှာ နောက်ထပ်ပါတဲ့ သတင်းတွေကတော့ “ဇီးဖြူကုန်းကျေးရွာ ပျူစောထီးစခန်းကို ဗုံးကျဲမှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်”၊ “တောင်တွင်းကြီးမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်ရန် စုဆောင်းနေသူ ဆန်းဝင်း ပစ်ခတ်ခံရပြီးသေဆုံး”၊ “စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း စစ်ကောင်စီ သတ်ဖြတ်မှုကိုခံရတဲ့ အရပ်သား ၁၀၅ ဦးအထက်ရှိ”၊ “KNDF က လွိင်​ကော်မြို့ အ​ခြေပြုမည့် ဗျူဟာအမှတ် (၇) ကို ဖွဲ့စည်းမည်ဟုအသိပေး”စတဲ့သတင်းတွေကိုပြန်လည် ဖတ်ကြားနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

စစ်ကောင်စီ၏ ရဟတ်ယာဉ်တစင်းကို AA ပစ်ချလိုက်တဲ့ သတင်းကို လိုအပ်သလို ချဲ့ကားရေးသားပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ ရဟတ်ယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး AA ရဲ့ မူလထုတ်ပြန်ချက်မှာဖြစ်စေ သတင်းမီဒီယာတွေမှာဖြစ်စေ ဒီလိုမျိုး ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ဗိုလ်မှူးကြီး ၁၈ ဦးနဲ့ လေယာဉ်မှူးသေဆုံးမှုအကြောင်းမပါဝင်ပါဘူး။

ပြောဆိုချက်- AA က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံး

Avatar

Title:Fact Check: AA က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံးဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *