Fact Check: NDAA ကို ဂျိုးဘိုင်ဒန်လက်မှတ်ထိုးပြီးတဲ့အတွက် ဟောင်ဇာလက်နက်ကြီး တွေ NUG လက်ခံရရှိဆိုတဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

အမေရိကန်က အမျိုးသားလုံခြုံရေးဉပဒေကို ဂျိုးဘိုင်ဒန်က အတည်ပြုလိုက်ပြီးနောက် အမေရိကန်ဆီက မြေပြင်ပစ် ဟောင်ဇာ(Howitzer)အမြောက်ကြီးတွေကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က လက်ခံ ရရှိခဲ့တယ်ဆိုပြီး တော့ဖြန့်ဝေထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ သတင်းမှားတစ်ခု သာဖြစ်ပါတယ်။

“NDAA သမ္မတ ဘိုင်ဒန်လက်မှတ်ရေးထိုးပြီးနောက် NUG လက်နက်ကြီးတွေ လက်ခံနေပြီ”လို့ရေးသားပြီး “Tsx mar 07”ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုစာသားထဲမှာလည်း ၁၇ ရက်နေ့က ဒီလိုလက်မှတ်ရေးထိုးပြီးနောက် လက်နက်အကူအညီရရှိခဲ့တာလို့ဖော်ပြပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ တော်လှန်ရေးကိုထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးရဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) အပေါ် အတွေးအမြင်ကို ဆွေးနွေးနေခြင်းသာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုမှာလည်း လက်နက်တွေထောက်ပံ့နေပြီ၊ လက်ခံရရှိပြီဆိုတဲ့ ပြောဆိုချက်မပါပါဘူး။ အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) – ၂၀၂၃ ကို အထက်လွှတ်တော်က ဒီဇင်ဘာ ၁၆ ရက်မှာအတည်ပြုခဲ့တာ ဒီလင့်ခ်မှာကြည့်ပါ။ အောက်လွှတ်တော်၊အထက်လွှတ်တော်၂ ရပ်လုံးကအတည်ပြုပြီးဖြစ်ပေမဲ့ သမ္မတ ဘိုင်ဒန်လက်မှတ်ရေးထိုးတာ တာမတွေ့ရသေးပါဘူး။ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း အထက်လွှတ်တော်က အတည်ပြုလိုက်ပြီလို့သာရေးသားထားတာတွေ့ရပါတယ်။

NDAA နဲ့ပတ်သက်ပြီး မြန်မာဘာသာနဲ့ သတင်းဖော်ပြချက်တွေ RFA ရဲ့ ဒီလင့်ခ်နဲ့ Mizzima ရဲ့ ဒီလင့်ခ်တွေမှာလည်းတွေ့ရပါတယ်။ 

အမေရိကန်အတည်ပြုလိုက်တဲ့ ၂၀၂၃ ခုနှစ်အတွက် NDAA မှာ မြန်မာနိုင်ငံက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ NUG၊ CRPH၊ CDM တို့ကို ထောက်ပံ့ကူညီဖို့နဲ့ PDF တွေကို လက်နက်မဟုတ်တဲ့အကူအညီပေးဖို့ဆိုပြီးတော့ပါ အတိအကျပါဝင်ပါတယ်။ သို့သော်လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆီရီးယားမှာ အမေရိကန်က တော်လှန်ရေးတပ်ဖွဲ့တွေကို အကူအညီပေးသလို လက်နက်တွေလည်း ကူညီလာနိုင်တယ်ဆိုပြီးတော့ သုံးသပ်နေကြတာဖြစ်ပါတယ်။ တကယ်ထောက်ပံ့တာမျိုးမဟုတ်သေးပါဘူး။ NUG နိုင်ငံခြားရေးဝန်ကြီး မျှဝေထားတဲ့ ပို့စ်ကိုလည်းဒီမှာကြည့်ပါ။

သုံးသပ်ချက်အထက်ပါအချက်အလက်တွေအရ အမေရိကန်က တော်လှန်ရေးတပ်ဖွဲ့တွေကို အကူအညီပေးဖို့ တရားဝင်ကြေညာအတည်ပြုလိုက်တာမှန်ပေမဲ့ လက်နက်မဟုတ်တဲ့အကူအညီပေးဖို့ဆိုပြီးတော့ပါ အတိအကျပါဝင်ပါတယ်။  အမေရိကန်ဆီက ဟောင်ဇာလက်နက်ကြီးတွေ ရတယ်ဆိုတာမဟုတ်ပါဘူး။

Avatar

Title:Fact Check: NDAA ကို ဂျိုးဘိုင်ဒန်လက်မှတ်ထိုးပြီးတဲ့အတွက် ဟောင်ဇာလက်နက်ကြီး တွေ NUG လက်ခံရရှိဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *