အကျိုးအမြတ်မယူတဲ့ အသေးစားချေးငွေလုပ်ငန်း Pact Myanmar လုပ်ငန်းပိတ်သိမ်းတာ NUG၊ PDF က ဓားပြတိုက်လို့ဆိုတဲ့ သတင်းမှားဖြန့်ဝေမှု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ဒီလိုဖြန့်ဝေနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ထို့အပြင် ဒီပို့စ်မှာ Pact Myanmar က ဝန်ထမ်းတွေကို ဖြန့်ဝေတဲ့ စာသားဓာတ်ပုံကို လည်းဖော်ပြထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“NUG ပဒက်များရဲ့ ဓားပြတိုက်မှု အခြေအနေကြောင့် မြန်မာပြည်ကနေ လုပ်ငန်းစွန့်ခွာသွားပြီဖြစ်တဲ့

Pact Myanmar ထုတ်ပြန်ချက်။”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ပထမဆုံး မြန်မာနိုင်ငံက လုပ်ငန်းပိတ်သိမ်းတဲ့အကြောင်း “Pact Global Microfinance Fund – PGMF” က ထုတ်ပြန်ချက်အပြည့်အစုံကို ဒီလင့်ခ်မှာကြည့်ပါ။

မြန်မာဘာသာနဲ့ ထုတ်ပြန်ချက်က ကောက်နှုတ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

“အစိုးရမှ ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်ဟု ပြောကြားခဲ့ပြီး ဥပဒေအသစ်များကြောင့် မြန်မာနိုင်ငံတွင် အလုပ်ဆက်လုပ်ရန် မဖြစ်နိုင်တော့တာကြောင့် ချေးငှားသူ 890,000 မှ ကြွေးမြီ $156 သန်းကျော်ကို လျှော်ပစ်ပြီးနောက် အကြွေးရှင်များကို ပြန်ပေးအပ်ရန် ငွေကြေးများကို ဖယ်ထားပြီး မြန်မာနိုင်ငံမှ အကြီးဆုံး အသေးစားငွေချေးလုပ်ငန်းသည် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ယခုအပတ်တွင် ကြေညာခဲ့ပါသည်။”

ထို့အပြင် စစ်ကောင်စီဘက်က ပိုင်ဆိုင်မှုနဲ့ အကျိုးအမြတ်တွေ လွှဲပြောင်းပေးဖို့တောင်းဆိုတာနဲ့ ဒီလိုလုပ်ဆောင် တာက အမေရိကန်နိုင်ငံရဲ့ အရေးယူပိတ်ဆို့မှုနဲ့ပါ ကြုံတွေ့ ရနိုင်တာကြောင့် လုပ်ငန်းပိတ်သိမ်း တာလို့ PGMF က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ Pact Myanmar က မြန်မာနိုင်ငံက ထွက်တာဟာ စစ်ကောင်စီကြောင့်ဖြစ်ပြီး NUG နဲ့ PDF ရဲ့ ဓားပြတိုက်တောင်းဆိုမှုကြောင့်ဆိုတာမဟုတ်ပါဘူး။ စစ်တပ်ဝါဒ ဖြန့်ချိရေးသမားတွေက NUG နဲ့ PDF ကို နိုင်ငံရေးအရ တိုက်ခိုက်ပြီး သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။

ပြောဆိုချက်- NUG၊ PDF က ဓားပြတိုက်လို့ Pact Myanmar လုပ်ငန်းပိတ်သိမ်း

Avatar

Title:Fact Check: Pact Myanmar လုပ်ငန်းပိတ်သိမ်းတာ NUG၊ PDF ကြောင့်လို့ သတင်းမှားဖြန့်

Written By: နေရာမောင်

Result: False