တက်သစ်စ မြန်မာလူငယ်အဆိုတော် Anonimus ရဲ့ သီချင်းတွေဟာ ‌အင်္ဂလိပ်-အိုင်းရစ် အဆိုကျော် One Direction အဖွဲ့ကို ကျောက်တက်သွားပြီဆိုတဲ့ သတင်းတုကစလို Anonimus ကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွေးနေ့ပွဲမှာ ဖျော်ဖြေဖို့ သိန်း ၈၀၀ နဲ့ ဖိတ်ကြားထားတယ်အလယ်၊ အမေရိကန်ကုမ္ပဏီကြီး တွေက အဆိုတော် Anonimus ကို ကမ်းလှမ်းလာတယ်ဆိုတဲ့ သတင်းအဆုံး သတင်းတုပို့စ်တွေ ယူကျူ့ အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုတွေသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစခရင်ရှော့ဖြစ်တယ်။

မူရင်းလင်ခ့် – Fb link | Archive link

အခြားသော ရေးသားဖြန့်ဝေမှုတွကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ အောက်ကတော့ “Cele Corner 1M”အမည်နဲ့ ယူကျူ့မှာဖြန့်ဝေထားတဲ့ ပို့စ်ပါစခရင်ရှော့ဖြစ်တယ်။ ဒီချန်နယ်ဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်းမှာ တက်သစ်စ လူငယ်အဆိုတော် Anonimus အ‌ကြောင်းအနည်းဆုံး ဗွီဒီယို ၄၀ ကျော်တင်ခဲ့ပါတယ်။

အချက်အလက်စိစစ်ချက်

ကမ္ဘာကျော် အဆိုတော် One Direction ရဲ့ သီချင်းတွေကို ကျော်တက်သွားတဲ့အထိ အောင်မြင်မှုရရှိခဲ့ပြီး ယူကျူ့မှာလည်း သူတကယ်ပဲ စံချိန်တင်ဝင်ငွေတွေရရှိနေတယ်ဆိုတာ မဟုတ်ပါဘူး။ One direction ရဲ့ သီချင်းတွေဟာ ယူကျူ့မှာ ကြည့်ရှု့မှု ၁ ဘီလီယံ(သန်း ၁၀၀၀)ကျော်အထိရှိခဲ့ပါတယ်။ သူတို့ရဲ့ သီချင်းတွေဟာ ကော်ပီပေါင်း သန်း ၇၀ ကျော်အထိရောင်းချထားတဲ့ အဖွဲ့ဖြစ်ပြီး ဒီပမာဏဟာ သမိုင်းတလျောက် အမြင့်ဆုံး စံချိန်တွေပဲဖြစ်ပါတယ်။

ထို့အပြင် ယူကျူ့မှာ လက်ရှိအချိန်အထိ လူကြည့်အများဆုံး သီချင်း ဗွီဒီယိုဟာ “Baby Shark Dance”ဖြစ်ပါ တယ်။ လက်ရှိအချိန်အထိ ယူကျူ့မှာ လူကြည့်အများဆုံး ဒီသီချင်းကပဲ စံချိန်တင်ဆက်လက်ရပ်တည်နေပြီး ကြည့်ရှု့မှုပေါင်း ၁၃.၃ ဘီလီယံကျော်ရရှိထားပါတယ်။

လူငယ်အဆိုတော် Anonimus ဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာပဲ သူ့ရဲ့ ပရိတ်သတ်အပေါ်မထေမဲ့မြင် ဖြေကြားချက် တွေကြောင့် လူတွေအကြားမှာ လှောင်ပြောင်းရင်းကနေ သူ့သီချင်းဟာ အောင်မြင်မှုတွေရရှိလာတာတွေ့ရ ပါ တယ်။ သူ့ရဲ့ အအောင် မြင်ဆုံးသီချင်းဖြစ်တဲ့ “ထားလိုက်ပါ”ဟာလည်း ယူကျူ့မှာ ကြည့်ရှု့မှု သန်းနဲ့ချီရှိခဲ့ပါတယ်။ သူ့ရဲ့ tiktok မှာလည်း ကြည့်ရှုမှု သန်းနဲ့ချီရှိခဲ့တာတွေ့ရပါတယ်။

Anonimus အကြောင်းကို Myanmar Celebrity လို ပြည်တွင်း အနုပညာဇောင်းပေး မီဒီယာအချို့ ကလွဲလို့ အခြားသောသတင်းဖော်ပြချက်မတွေ့ရသလို Wikipedia လိုအွန်လိုင်းစွယ်စုံကျမ်းမျိုးတွေမှာလည်း သူ့အကြောင်း မတွေ့ရသေးပါဘူး။

ဒီအပြင် အဆိုတော်မျိုးကြီးရဲ့ “ညီလေး”သီချင်းဗွီဒီယိုဟာ ယူကျူ့မှာ ကြည့်ရှု့မှု ၃၃ သန်းကျော်နဲ့ မြန်မာတေး သီချင်းတွေထဲမှာ ကြည့်ရှုမှုအများဆုံးဖြစ်ပြီး Anonimus ရဲ့ “ထားလိုက်ပါ” သီချင်းဟာ လက်ရှိတွင် ကြည့်ရှုမှု ၁၂သန်းကျော်နဲ့ အဆင့် ၄၁ မှာရှိနေတယ်လို့ Eleven Media Group ကသတင်းတပုဒ်မှာ ရေးသားပါတယ်။

အခြားသော စစ်ခေါင်းဆောင်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ နိုင်ငံခြားကုမ္ပဏီတွေရဲ့ ကမ်းလှမ်းချက်တွေဆိုတဲ့ သတင်းတွေကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။

သုံးသပ်ချက်

အခုဖြန့်ဝေနေတဲ့ Cele Corner 1M အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လူမှုကွန်ယက်မှာရေပန်း စားလာတဲ့ အကြောင်းအရာတွေကိုသတင်းတု သို့မဟုတ် ထင်ယောင်ထင်မှား ဖြစ်စေတဲ့သတင်းခေါင်းစဉ်တွေတပ်ပြီး ဖြန့်ချိနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ အွန်လိုင်း အသုံးပြုသူတွေကို ထပ်မံစိတ်ဝင်စားမှုမြှင့်တင်ပေးပြီး ယူကျူ့မှာ ပိုမိုကြည့်ရှု့လာအောင် သတင်းခေါင်းစဉ်နဲ့ အကြောင်းအရာတွေတု ဖန်တီးဖြန့်ဝေပြီး ဝင်ငွေရှာနေတဲ့ ချန်နယ်တခုဖြစ်တာလည်းတွေ့ရပါတယ်။

Avatar

Title:Fact Check: တက်သစ်စ အဆိုတော် Anonimus နဲ့ ပတ်သက်တဲ့ သတင်းတု တွေဖြစ်တယ်

Written By: နေရာမောင်

Result: False