Fact Check: ဒုတိယစစ်ခေါင်းဆောင် ကျန်းမာရေး ကြောင့် တာဝန်မှ အနားပေး လိုက်တယ်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ဒုတိယစစ်ခေါင်းဆောင်ကို ကျန်းမာရေးကြောင့် တာဝန်မှ အနားပေးလိုက်တယ်ဆိုတဲ့ ပို့စ်ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ တကယ်တမ်း ဒီလိုထုတ်ပြန်ချက်ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ 

“… အခုတော့ သိပ်ကိုသေချာသွားခဲ့ပြီ … ဟိုနေ့က လူလုံးထွက်ပြတဲ့ မော်လမြိုင် ကဆေးရုံဆိုတာကလဲ သူမဖြစ်ခင် ကပုံတွေပါ.. Eleven Media Group သူတို့ကိုဘောမနေတဲ့ Media ကနေ ကူးပြီးပုံဟောင်းတွေကိုဖြန့်ထားတာပါ… လက်ရှိသတင်းတွေအရ မရှု့မလှ ခံနေရတုံးပါ

အခုတော့ ရှင်းသွားပါပြီ.. ဘိုင် သရေကြိုးကိုးကွင်း ရေ”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

စစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုဒ်နဲ့ စစ်တပ်ပိုင်မြဝတီသတင်းဌာနတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ ဒီလိုကိစ္စရပ်မျိုးဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ တရားဝင်ထုတ်ပြန်မှ သိရှိရလေ့ရှိပါတယ်။ 

မြဝတီသတင်းဌာနရဲ့ ဖော်ပြချက်အရ ၂၀၂၄ ဧပြီလ ၂၂ ရက်က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်တယ်ဆိုတဲ့ အမိန့်အမှတ် ၃၃/၂၀၂၄ ဟာ နောက်ဆုံးထုတ်ပြန်ချက်ဖြစ် တာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

ဒီလို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တာဝန်မှ အနားပေးလိုက်တယ်ဆိုပြီး သတင်းဖော်ပြချက်မျိုး လွတ်လပ်တဲ့ မီဒီယာတွေမှာလည်း ဖော်ပြချက်မတွေ့ရပါဘူး။

သုံးသပ်ချက်

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တာဝန်မှ အနားပေးလိုက်တယ်ဆိုပြီး သတင်းဖော်ပြချက်မျိုး စစ်တပ်ထိန်း ချုပ်ထားတဲ့ မီဒီယာတွေမှာလည်းမတွေ့ရှိသလို လွတ်လပ်တဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြချက်မရှိပါဘူး။ ဒုတိယစစ်ခေါင်းကို စစ်ကောင်စီရဲ့ အနားပေးလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ အတုပြုလုပ်ဖြန့်ဝေနေ ခြင်းဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

ပြောဆိုချက်- ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တာဝန်မှ အနားပေးကြောင်း ကြေညာ

Avatar

Title:Fact Check: ဒုတိယစစ်ခေါင်းဆောင် ကျန်းမာရေး ကြောင့် တာဝန်မှ အနားပေး လိုက်တယ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *