Fact Check: မေလလယ်မှာ အကျဉ်းသား ၄၅၀၀ ထပ်လွှတ်မယ်လို့ စစ်ခေါင်းဆောင် ကြေညာဆိုတဲ့ နားလည်မှုလွဲစေနို်ငတဲ့သတင်း

Misleading နိုင်ငံရေး | Politics

မေ ၁၅ ရက်မှာ အကျဉ်းသား ၄၅၀၀ ထပ်လွှတ်မယ်လို့ စစ်ခေါင်းဆောင် ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ မေ ၃ ရက်က ၅၀၅(က)နဲ့တရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွှတ်ပေးတဲ့သတင်းကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ “မေလ (၁၅) ရက်နေ့မှာ အကျဉ်းသား (၄၅၀၀) ထပ်မံလွှတ်ပေးမယ်တဲ့ဟေ့”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာဖော်ပြထားသလို ဗွီဒီယိုထဲမှာ  “(၄) ရက်နေ့ ဧရာမ လေသံကြီးပါလား မေလ (၁၅) ရက်နေ့မှာ အကျဉ်းသား (၄၅၀၀) ထပ်မံ လွှတ်ပေးမည်ဟု ကြွေးကြော်ပြန်”စသည့်ဖြင့်‌ရေးသားပြီး “Burma Voice Tv”အမည်နဲ့ ယူကျူ့အကောင့်မှာ မေ ၄ ရက်က မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube linkArchive link

အချက်အလက်စိစစ်ချက်

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ PDF နဲ့တိုက်ပွဲသတင်းတွေအများစုပါဝင်ပြီး အကျဉ်းသားလွတ်ပေးတာနဲ့ သက်ဆိုင်တဲ့ သတင်းတစ်ပုဒ်ကတော့ မေ ၃ ရက်‌နေ့က နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို မြန်မာစစ်တပ်က ပြန်လွှတ်ပေးခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်။ မေ ၁၅ ရက်မှာ ထပ်ပြီးတော့ အကျဉ်းသား ၄၅၀၀ ကျော်လွတ်ပေးမယ်ဆိုတဲ့ ကြေညာချက်သတင်းမျိုးမပါဝင်သလို အခြားသော မီဒီယာတွေမှာ လည်း ဒီသတင်းကို မတွေ့ရပါဘူး။ 

ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ချမှတ်ခံထားရတဲ့ အကျဉ်းသား/အကျဉ်းသူ ၂၀၀၀ ကျော်ကို အာဏာသိမ်း စစ်တပ်က မေ ၃ ရက်မှာ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ်ပြန်လွှတ်ပေးတဲ့အကြောင်း ဧရာဝတီရဲ့ ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။

https://www.facebook.com/theirrawaddyburmese/videos/1277430083210963/

သုံးသပ်ချက်

မေ ၃ ရက်က မြန်မာစစ်တပ်က  လွတ်ပေးနေကြရက်မဟုတ်တဲ့ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အကြောင်းပြုပြီး နိုင်ငံရေးပုဒ်မဖြစ်တဲ့ ၅၀၅(က)နဲ့ထောင်ဒဏ်အပြစ်ပေးခံထားရတဲ့သူတွေကို လွှတ်ပေးခဲ့ပါတယ်။ ဒီသတင်းဟာ လူမှုကွန်ယက်မှာ ရေးပန်းစားခဲ့ပြီးနောက် သတင်းခေါင်းစဉ်တုနဲ့ သတင်းဟောင်းတွေကို ပြန်လည်ကူး ယူဖြန့်ချိလေ့ရှိတဲ့ ယူကျူ့ချန်နယ်တစ်ခုက နောက်ထပ်အကျဉ်းသား ၄၅၀၀ ထပ်လွှတ်ပေးမယ်လို့ စစ်တပ်က ကြေညာသယောင် ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတုဖြန့်ချိခြင်းဖြစ်ပါတယ်။

ပြောဆိုချက်- မေ ၁၅ ရက်မှာ အကျဉ်းသား ၄၅၀၀ ထပ်လွှတ်မယ်လို့ စစ်ခေါင်းဆောင်ကြေညာ

Avatar

Title:Fact Check: မေလလယ်မှာ အကျဉ်းသား ၄၅၀၀ ထပ်လွှတ်မယ်လို့ စစ်ခေါင်းဆောင် ကြေညာဆိုတဲ့ နားလည်မှုလွဲစေနို်ငတဲ့သတင်း

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *