
မန္တလေးအိုးဘိုထောင်ကို PDF သိမ်းပြီး အကျဉ်းထောင်အရာရှိနဲ့ ထောင်သားတွေကို ပစ်သတ်လိုက်တယ်လို့ ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“အကျဉ်းသား ၉၀၀၀ လွတ်ပြီ
မန္တလေးအိုးဘိုထောင် PDF သိမ်းပြီ
အကျဉ်းထောင်အရာရှိကို ဖမ်းဆီးပြီးမီးရှို့သတ်
မုဒိမ်းမှုလူသတ်မှုနဲ့ကျသူတွေကိုတစ်ခါတည်းပစ်သတ်”

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ကန့်ဘလူ မလည်ကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အကြားတိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်၊ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ကြော စစ်ကြောင်းကြောင်းထိုးရာ လန်ကျ၊ ရန်ကုန်-ပြည် ကားလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးတဲ့စတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။
ဗွီဒီယိုတခုလုံးမှာလည်း မန္တလေးအိုးဘိုထောင် PDF တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းမပါဝင်သလို အခြားသော ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ဒီသတင်းဖော်ပြချက်မရှိပါဘူး။
သုံးသပ်ချက်
မန္တလေးအိုဘိုထောင် PDF သိမ်းပိုက်မှုအကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ဖော်ပြချက်မရှိပါဘူး။ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာလည်း ဒီအကြောင်းမပါဝင်ဘဲ သတင်းမီဒီယာ တွေမှာဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေ ပြန်လည်ဖော်ပြပြီး လိုအပ်သလို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။
ပြောဆိုချက်- မန္တလေးအိုဘိုထောင်ကို PDF သိမ်းပိုက်ပြီး အကျဉ်းထောင်အရာရှိနဲ့ ထောင်သားတွေကို သတ်ပစ်

Title:Fact Check: မန္တလေးအိုးဘိုထောင်ကို PDF သိမ်းပြီး အကျဉ်းထောင်အရာရှိနဲ့ ထောင်သားတွေကို ပစ်သတ်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: Misleading