အများပြည်သူအသုံးပြုနေတဲ့လမ်းပေါ်မှာ PDF တွေ မိုင်းများထောင်နေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေလျှက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံတွေကို မူလက မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲအမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာ ၂ ရက်ကစတင်ဖော်ပြခဲ့တာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က အများပြည်သူ အသုံးပြုတဲ့ လမ်းပေါ်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းခဲ့ရတယ်လို့ မူလ ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။ ဒီဓာတ်ပုံတွေကို မဇ္ဈိမသတင်းဌာနကလည်း ပြန်လည်ဖော်ပြခဲ့တာအောက်ပါအတိုင်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Mizzima Media | Archive link

သုံးသပ်ချက်

ဓာတ်ပုံတွေဟာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းမှုအဖြစ် PDF တပ်ရင်းတခုလို့ယူဆရတဲ့ ဖေ့စ်ဘွတ်စာမျက်နှာက စတင်ဖော်ပြခဲ့တာတွေ့ရပါတယ်။ မီဒီယာတခုက ပြန်လည်ဖော်ပြီးနောက် ပိုမိုပျံ့နှံ့လာချိန်မှာ အခုလို PDF တွေက လမ်းတွေအပေါ် မိုင်းထောင်နေပုံအဖြစ် စစ်တပ်ထောက်ခံသူတွေက ပြန်လည်ဖော်ပြခဲ့တာတွေ့ရပါတယ်။

ပြောဆိုချက်- ချောင်းဦးက အများပြည်သူသုံး လမ်းတွေကို PDF က မိုင်းထောင်နေတဲ့ ဓာတ်ပုံ

Avatar

Title:Fact Check: ချောင်းဦးက အများပြည်သူသုံး လမ်းတွေကို PDF က မိုင်းထောင်နေတဲ့ ဓာတ်ပုံလား- မဟုတ်ပါ

Written By: နေရာမောင်

Result: False