Fact Check: အမေရိကန်သင်္ဘောကို ဟူသီတွေတိုက်ခိုက်လို့ မီးလောင်နေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ 

False နိုင်ငံတကာ၊ | International

ပင်လယ်နီထဲမှာ အမေရိကန်သင်္ဘောကို ဟူသီတွေတိုက်ခိုက်လို့ မီးလောင်နေပုံအဖြစ် ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။ အစ္စရေး-ဟားမက်စ်အကြား စစ်ပွဲတွေနဲ့ အတူ ယီမင်အခြေစိုက် ဟူသီအဖွဲ့ဟာ အစ္စရေးပိုင်သင်္ဘောတွေကို တိုက်ခိုက်နေရာကနေ  အရှေ့အလယ်ပိုင်းက ပင်လယ်နီထဲမှာ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှု တကျော့ပြန်လုပ်လာခဲ့ပြီး အမေရိကန်နိုင်ငံပိုင် ကုန်တင်သင်္ဘောတစီးကို ဇန်နဝါရီ ၁၅ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ဒီဗွီဒီယိုဖြန့်ဝေလာခဲ့တာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ 

“ပင်လယ်နီအတွင်း အမေရိကန်ပိုင် ကွန်တိန်နာသဘ်ော မီးလောင်နေပုံ။ 

အစ္စရေးပိုင်နှင့် အစ္စရေးသို့ သွားရောက်ကုန်သွယ်သော သဘ်ောများသာမက ယခု အမေရိကန်တို့နှင့် သက်ဆိုင်ပတ်သက်သော သဘ်ောများကိုပါ ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဟု ယီမင် ဟူသီတို့က ကြေညာချက်ထုတ်ပြန်။”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါမြင်ကွင်းအချို့ကို Google မှာပုံရှာနည်းနဲ့ အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီးရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၂၁ ခုနှစ်အတွင်းက သီရီလင်္ကာနိုင်ငံ ကမ်းလွန်မှာ MV X-Press Pearl အမည်ရ ကုန်တင် သင်္ဘောတစီးမီးလောင်မှုနဲ့ပတ်သက်တဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။  

၂၀၂၁ ခုနှစ် မေလ ၂၅ ရက်မှာ သီရိလင်္ကာလေတပ်က ယူကျူ့မှာ ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုပါမြင်ကွင်းတွေကို အောက်ပါလင့်ခ်မှာ ကြည့်ပါ။ အခုလို အမေရိကန်သင်္ဘော မီးလောင်မှုအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယိုဟာ မူလ ဗွီဒီယိုကို ဖြတ်ထုတ်ပြီး ဘက်ပြောင်းပြန်လှန်ထားခြင်းဖြစ်တယ်။

လက်တလော အမေရိကန် ကုန်တင်သင်္ဘောတစီးကို ဟူသီလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်မှုကြောင့် မီးလောင်မှု ဆိုတဲ့ ဗွီဒီယိုပါမြင်ကွင်း(ဘယ်)နဲ့ သီရိလင်္ကာလေတပ်က လွန်ခဲ့တဲ့ ၂ နှစ်က ယူကျူ့မှာ ထုတ်ပြန်ထားတဲ့ ဗွီဒီယိုပါမြင်ကွင်းကို ဘက်လှည့်(flipped)ထားတဲ့ပုံ(ညာ)ကို နှိုင်းယှဉ်ထားပုံဖြစ်တယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဗွီဒီယိုဟာ ၂၀၂၁ ခုနှစ် မေလအတွင်းက သီရီလင်္ကာနိုင်ငံ ကမ်းလွန်မှာ MV X-Press Pearl အမည်ရ ကုန်တင်သင်္ဘောတစီးမီးလောင်မှုနဲ့ပတ်သက်တဲ့ ဗွီဒီယိုဖြစ်တယ်။ 

ပြောဆိုချက်- ပင်လယ်နီထဲမှာ အမေရိကန်သင်္ဘောကို ဟူသီတွေတိုက်ခိုက်လို့ မီးလောင်နေတဲ့ ဗွီဒီယို

Avatar

Title:Fact Check: အမေရိကန်သင်္ဘောကို ဟူသီတွေတိုက်ခိုက်လို့ မီးလောင်နေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *