Fact Check: NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီ ဆိုတဲ့သတင်းမှား

False နိုင်ငံရေး | Politics

UN တံခါးပိတ်ဆွေးနွေးမှုအပြီးမှာ NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ သတင်းမှားတစ်ခု သာဖြစ်ပါတယ်။

အစည်းအဝေးကျင်းပနေတဲ့ဓာတ်ပုံနှင့်အတူ ဓာတ်ပုံပေါ်မှာ”မြန်မာအရေးတံဂါးပိတ်ဆွေးနွေးမှုအဖြေထွက်ပြီ။NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီ”လို့ ရေးသားထားပြီး “𝟕𝐃𝐚𝐲 𝐍𝐞𝐰𝐬-သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့မျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

“မြန်မာအရေးတံဂါးပိတ်ဆွေးနွေးမှုအဖြေထွက်ပြီ။NUG ကိုစစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘော တူလိုက်ပြီ” ဆိုတဲ့အချက်အလက်နဲ့ပတ်သက်ပြီး UN ဝက်ဘ်ဆိုဒ်အပါအဝင်အခြားသော ပြည်တွင်းပြည်ပသတင်း ဌာနတွေမှာ မတွေ့ရပါဘူး။ မြန်မာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပွဲကို မေ ၂၇ ရက်နေ့ကကျင်းပခဲ့တာတော့ရှိပါတယ်။ ဒီအစည်းအဝေးမှာ ထုတ်ပြန်ချက်ထုတ် ပြန်ခဲ့တာမရှိဘူးလို့လည်း ဒီလုံခြုံရေးကောင်စီရဲ့တရားဝင်ထုတ်ပြန်မှုမှာဖော်ပြထားပြီး အစည်းအဝေးအကြောင်း အကျဉ်းချုပ်ဖော်ပြချက် ကိုတော့ ဒီလင့်ခ်မှာတွေ့ရပါတယ်။

ထို့အပြင် ပြည်တွင်းပြည်ပ သတင်းဌာနတွေ ဒီအစည်းအဝေးမှာ တရုတ်နဲ့ရုရှားက ဗီတိုအာဏာအသုံးပြုပြီး ကန့်ကွက်တာကြောင့် မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးဆွေးခဲ့ကြပေမဲ့ ထုတ်ပြန်တောင်းဆိုမှုမလုပ်နိုင်ခဲ့ဘူးဆို တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Irrawaddy BurmeseArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ UN တံခါးပိတ်ဆွေးနွေးမှုအပြီးမှာ NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီတာ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။

Avatar

Title:Fact Check: NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီ ဆိုတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *