Fact Check: ဒီဓာတ်ပုံက NUG ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် မင်္ဂလာဆောင် တဲ့ပုံလား- မဟုတ်ပါ

False နိုင်ငံရေး | Politics

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ရဲ့ မင်္ဂလာဆောင်လို့ဆိုထားတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိပါတယ်။ 

တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ 

“အနူဂျီးမှာ ဒုဝန်ကြီးဆိုလား အိသင်ဇာမောင်ကတော့ အရီးဒေါ်ပုံအောင်တဲ့ အထိ မစောင့်နိုင်​ေတာ့လို့ပါတဲ့ ကတ်လားနဲ့ မဂ်လာဆောင်လိုက်ပါပြီ”လို့ရေးသားပြီး “ဗိုလ်အောင်ဒင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၆ ပုံနှင့်အတူ အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၆၀၀ ကျော်ရှိပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link  

အလားတူမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ဖူးတာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ ဖေ့စ်ဘွတ်မှာ အဓိကကျတဲ့ စကားလုံးအချို့ကို အသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာ “GX”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၁ ခုနှစ် မေလ ၁၇ ရက်က “Love Birds” လို့ရေးသားပြီး ယခုပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေအပါအဝင် စုစုပေါင်း ဓာတ်ပုံ ၁၁ ပုံကို မျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – GX  |  Archive link  

ဒီဓာတ်ပုံထဲက အမျိုးသမီးဟာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နဲ့ရုပ်ချင်းဆင်သူသာဖြစ်ပါတယ်။ ဒေါ်အိသဉ္ဇာမောင်ဟာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာလည်း သူမမင်္ဂလာဆောင်တဲ့အကြောင်း တင်ထား တာမတွေ့ရပါဘူး။ ထို့အပြင် သူမရဲ့ အသိုင်းအဝိုင်းမှာလည်း သူမမင်္ဂလာဆောင်တာနဲ့ပတ်သက်ပြီး ပြောကြား ချက်တစ်စုံတစ်ရာမရှိပါဘူး။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ NUG ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် မင်္ဂလာဆောင်တဲ့ ဓာတ်ပုံတွေအဖြစ် သတင်းမှားဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရပါတယ်။

Avatar

Title:Fact Check: ဒီဓာတ်ပုံက NUG ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် မင်္ဂလာဆောင် တဲ့ပုံလား- မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *