Fact Check: စစ်ပွဲကာလအတွင်းမှာ ရုရှားနဲ့ ယူကရိန်းကချစ်သူ ၂ ဦးချစ်နေပုံလား-မဟုတ်ပါ

Missing Context နိုင်ငံတကာ၊ | International

စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြားက ချစ်သူနှစ်ဦးရဲ့ချစ်ခြင်းဆိုပြီးတော့ အပြာနဲ့အဝါစပ်အလံခြုံထားတဲ့ အမျိုးသား ကောင်လေးနဲ့ ဖြူ၊ပြာ၊နီစပ်ကြားအလံခြုံထားတဲ့ကောင်မလေးတစ်တို့ ရင်ချင်းအပ်နေတဲ့ ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။ 

ဖြူ၊ပြာ၊နီစက်ကြားအလံဟာ ရုရှားနိုင်ငံအလံဖြစ်ပြီး အပြာ၊အဝါစပ်အလံဟာ ယူကရိန်နိုင်ငံအလံဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား စစ်ပွဲစတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်စပြီး ဒီဓာတ်ပုံပျံ့နှံ့လာတာဖြစ်ပါတယ်။

“နှစ်နိုင်ငံကြား စစ်ဖြစ်နေပေမယ့်

မင်းဟာ ငါ့ရဲ့ အချစ်ဆုံးပါပဲ” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဓာတ်ပုံကို ပြန်လည်မျှဝေမှု ၁၅၀ ဝန်းကျင်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။

အမေရိကန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ The Washington Post က ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်စွဲနဲ့ သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို “ နိုဝင်ဘာ ၂၇ ရက်က ဝါဆော(Warsaw)က ဘယ်လာရုဇ်အဆိုတော် Max Korzh  ဖျော်ဖြေပွဲမှာ သူ့အမျိုးသားကို Juliana Kuznetsova က ပွေ့ဖက်နေစဉ်”လို့ရေးသားထားပါတယ်။

Juliana Kuznetsova ဟာ ရုရှားနိုင်ငံသူဖြစ်ပြီး သူ့အမျိုးသားဟာ ယူကရိန်းဖြစ်တယ်လို့လည်း The Washington Post သတင်းဌာနက ရေးသားပါတယ်။ အဲဒီအချိန်ကတည်းက ဒီဓာတ်ပုံဟာ ဝေဖန်မှု ၊ချီးမွှမ်းမှုတွေရောပြွန်း ရခဲ့ပါတယ်။ ဒီလိုဓာတ်ပုံရိုက်လိုက်တာဟာ အခြားသော ပွဲကြည့်ပရိတ်သတ်တွေကို ကြည့်ရင် အတွေးတစ်ခုရပြီး ရုတ်တရက်စီစဉ်လိုက်တာဖြစ်ပြီး နိုင်ငံရေးမပါဘူးလို့လည်း သူမကပြောပါတယ်။ 

မူရင်းလင်ခ့် – Washington PostArchive link 

သုံးသပ်ချက်

ဓာတ်ပုံဟောင်းတစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က ဘယ်လာရုဇ်အဆိုတော် Max Korzh ရဲ့ ပိုလန်နိုင်ငံ ဝါဆောမြို့ကဖျော်ဖြေပွဲမှာ ရိုက်ကူးခဲ့တဲ့ ချစ်သူ နှစ်ဦးရဲ့ဓာတ်ပုံဖြစ်ပါတယ်။

Avatar

Title:Fact Check: စစ်ပွဲကာလအတွင်းမှာ ရုရှားနဲ့ ယူကရိန်းကချစ်သူ ၂ ဦးချစ်နေပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *