
စမ်းချောင်းမှ ဖမ်းမိတဲ့ PDF ခေါင်းဆောင်အဖြစ် အမျိုးသမီးဝတ်အတွင်းခံဘောင်းဘီပေါ်နေတဲ့ အင်္ကျီအနီဘောင်းဘီ အဖြူဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦး ဓာတ်ပုံကိုဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။
သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။
“ရန်ကုန်တိုင်းသေဒကြီး စမ်းချောင်းမှဖမ်းမိတဲ့ PDF ခေါင်းဆောင်ပါဗျ သူ့ရဲ့ဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာ တွေက်ိုလည်း ရှိုးလိုက်ပါအုံးတစ်ချက်လောက်”လို့ရေးသားပြီး “မြေလတ်သား”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb link | Archive link
Google မှာဓာတ်ပုံရှာနည်အသုံးပြုပြီး ဓာတ်ပုံပျံ့နှံ့ခဲ့မှုပုံစံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ အောက်ပါအတိုင်း အင်တာနက်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။

ရှာဖွေတွေ့ရှိတဲ့ ရလာဒ်တွေထဲက အစောဆုံးပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံကို ဆန်းစစ်ကြည့်ရာမှာ “Pahina ni une” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖိလစ်ပိုင်ဘာသာစကားနဲ့ “ညမထွက်ရအမိန့် ကိုချိုးဖောက် သော နောက်ထပ် လူငယ်တစ်ဦး”လို့ရေးသားပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှာမျှဝေထား တာတွေ့ ရပါတယ်။ ဖိလစ်ပိုင် မြို့တော် မနီလာမှာ စက်တင်ဘာ ၂ ရက်ကစပြီး အသက်၁၇ နှစ်အောက်ငယ်တဲ့ကလေးတွေ ည ၁၀ နာရီကနေ မနက် ၄ နာရီကြား ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့တာလည်တွေ့ရပါတယ်။

မူရင်းလင်ခ့် – Pahina ni une | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဖိလစ်ပိုင်မှာ ညမထွက်ရအမိန့်ချိုးဖောက်မှုနဲ့အဖမ်းခံရတဲ့ ဖိလစ်ပိုင်လူငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို စမ်းချောင်းမှ ဖမ်းမိတဲ့ PDF ခေါင်းဆောင်အဖြစ် မျှဝေနေတာဖြစ်ပါတယ်။

Title:စမ်းချောင်းက PDF ခေါင်းဆောင်ဖမ်းမိတဲ့ ဓာတ်ပုံလား-မဟုတ်ပါ
Fact Check By: Zun ZeeResult: Satire