Fact Check:တရုတ်ကို ပညာပြတဲ့အနေနဲ့ AA က ဓာတ်ငွေ့ပိုက်လိုင်းကို ‌ဖောက်ခွဲတဲ့ သတင်းတု

တရုတ်ကို ပညာပြတဲ့အနေနဲ့ အာရက္ခတပ်တော်(AA)က  ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲလိုက်ပြီဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “တရုတ်ကို အေအေ ပညာပေးပြီ ဓာတ်ငွေ့ ပိုက်လိုင်း AA ဖျက်ဆီးလိုက်ပြီ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အေအေ ဗုံးခွဲ ပျက်စီး၊ တရုတ် စစ်တပ်(၅ဝ) နီးပါး သေဆုံး၊အများပြား အရှင်းဖမ်းမိ” Original link | Archive link အချက်အလက်စိစစ်ချက် ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ဓာတ်ငွေ့ပိုက်လိုင်းကို AA က ဖျက်ဆီးလိုက်ပြီဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ […]

Continue Reading

Fact Check:  ကျောက်ဖြူကို  AA အလုံးစုံသိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

အာရက္ခတပ်တော်(AA)က  ကျောက်ဖြူမြို့ကို အလုံးစုံသိမ်းပိုက်လိုက်ပြီဆိုတဲ့  ဗွီဒီယိုကို ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ကျောက်ဖြူမြို့ AA အပြီးသတ်သိမ်းပိုက်၊ စစ်ခွေး (၅၀၀) ကျော် လက်နက်ချ ၊  AA ကလဲ့စားချေနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာန အမည်နာမကို တုပထားပြီး သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး […]

Continue Reading

Fact Check: ရွေးကောက်ပွဲအကြို နေပြည်တော်တိုက်ခိုက်ခံရပြီး  စစ်ခေါင်းဆောင် အပါအဝင် ဗိုလ်ချုပ်တွေ သေဆုံးတဲ့ သတင်းတု 

ရွေးကောက်ပွဲအကြိုနေ့မှာ KIA နဲ့ AA က နေပြည်တော်ကို ဝင်တိုက်ခိုက်မှု စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်တွေ သေဆုံးတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “‌ရွေးကောက်ပွဲ အကြိုရက် နေပြည်တော် ပျက်ပြီ KIA နဲ့ AA တို့ ဦးဆောင်ပြီး နေပြည်တော် ကို  ဝင်စီးလို့ မင်းအောင်လှိုင် နဲ့ ဗိုလ်ချုပ်တွေသေကုန်ပြီ ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို လိုအပ်သလို ပြန်လည်တည်ဖြတ်ပြောဆိုတာနဲ့ လုပ်ကြံပြောဆိုချက်တွေ […]

Continue Reading

Fact Check: နေပြည်တော်အနီးက ကာကွယ်ရေးပစ္စည်းစက်ရုံ AA တိုက်ခိုက် သိမ်းပိုက်ဆိုတဲ့ သတင်းတု

နေပြည်တော်အနီးက မြန်မာစစ်တပ်ရဲ့ အကြီးဆုံး ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(က.ပ.စ)ကို AA သိမ်းပိုက်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဇင်ဘာ ၁၇ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု ၁ သိန်းဝန်းကျင်ရရှိထားတယ်။ တူညီတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “နေပြည်တော်နီးရှိ ကပစ အကြီးဆုံး AA တက်သိမ်းပြီ နေပြည်တော်အနီးရှိ ကပစ စက်ရုံကြီး AA တက် သိမ်းလိုက်ပြီ၊ စစ်ခွေး(၁၂၀) ဦး အလောင်းရရှိ”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် နေပြည်တော် အနီးက ကပစ စက်ရုံတရုံကို AA က […]

Continue Reading

Fact Check: ကျောက်ဖြူတိုက်ပွဲမှာ လေယာဉ် ၂ စီး AA ပစ်ချဆိုတဲ့ သတင်းတု

ကျောက်ဖြူတိုက်ပွဲမှာ အာရက္ခတပ်တော်(AA)က  မြန်မာစစ်တပ် လေယာဉ် ၂ စီးပစ်ချလိုက်တယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “လေယာဉ်(၂)စီး အေအေ ထပ်မံ ပစ်ချ အထိနာနေတဲ့ ကျောက်ဖြူတိုက်ပွဲ စစ်ကူလာတဲ့ လေယာဉ်(၂)စီး အေအေ ပစ်ချ၊ လေယာဉ်မှူးအလောင်း(၂)ဦးလုံး အလောင်း‌ပျောက်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: ကျောက်ဖြူမြို့တိုက်ပွဲမှာ AA က စစ်သင်္ဘောကို  အမြောက်နဲ့ထုတဲ့ ဗွီဒီယိုသတင်းမှား

ကျောက်ဖြူမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်(AA)က စစ်သင်္ဘောကို  အမြောက်နဲ့ထုတဲ့ ဗွီဒီယိုလို့ ဆိုပြီး စစ်သင်္ဘောတစင်း ကုန်ပတ်နဲ့ ကိုယ်ထည်မှာ လက်နက်နဲ့ ထိခိုက်ပျက်စီးထားတဲ့ ဗွီဒီယိုတွေ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းမှားသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အေအေ က ကျောက်ဖြူမြို့ သိမ်းပွဲ အောင်မြင်လာပြီ သဘ်ောတွေကို အမြောက်နဲ့ထု” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ မြင်ကွင်းကို  Google Lens အသုံးပြုပြီး ပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့ ၉ နှစ်ဝန်းကျင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ “AiirSource Military”အမည်နဲ့ ယူကျူ့ချန်နယ်က ၂၀၁၆ […]

Continue Reading

Fact Check: မိတ္ထီလာလေတပ်စခန်းကို AA က ရှော့တိုက် ဒုံးနဲ့ပစ်ခတ်မှု တိုင်းမှုးအပါ ၅၂ ဦးသေဆုံးတဲ့ သတင်းတု 

မိတ္ထီလာလေတပ်စခန်းကို အာရက္ခတပ်ေတာ်(AA)က ရှော့တိုက် ဒုံးနဲ့ပစ်ခတ်မှု တိုင်းမှုးအပါ ၅၂ ဦးသေဆုံးဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ နိုဝင်ဘာ ၂၄ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၃ သိန်းကျော်ရရှိထားတယ်။  “မိတ္ထီလာလေတပ် အမှောင်ကျသွားပြီ တိုင်းမှုးပါဝင် စုပေါင်း(၅၂)ဦး သေဆုံး ညသန်းခေါင်ယံအချိန် မိတ္ထီလာ လေတပ် ရခိုင့်တပ်တော် အေအေ ရှော့တိုက်ဒုံး ထိုးကြွေး၊ တိုင်းမှူးပါဝင်(၅၂)ဦး သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ […]

Continue Reading

Fact Check: နေပြည်တော်ကို AA အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ဆိုတဲ့ သတင်းတု

နေပြည်တော်ကို AA အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၇ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု ၂၄၀၀၀ ဝန်းကျင်ရရှိထားတယ်။  “နေပြည်တော် တပ်ကုန်းကျသွားပြီ တမြို့လုံး မြို့ဝင်မြို့ထွက် ပိတ်ဆို့လိုက်ထား ဒီမနက်ပဲ နေပြည်တော် တပ်ကုန်းကို AA နဲ့ PDF တပ်မှ  အင်အား လုံရင်းနဲ့ ဝင်စီး၊ စစ်ခွေးအကျအရှုံးများနေ”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တု […]

Continue Reading

Fact Check: ကျောက်ဖြူကို AA သိမ်းလိုက်ပြီဆိုတဲ့ သတင်းမှား

ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ ကျောက်ဖြူမှာ စစ်တပ်နဲ့ AA အကြားတကျော့ပြန်တိုက်ပွဲ ပြင်းထန်လာနေပေမဲ့ မြို့ကို သိမ်းပိုက်ရရှိပြီဆိုတဲ အထောက်အထားမရှိပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ကျောက်ဖြူမြို့ကျသွားပြီ အမေရိကန် တပ်ဖွဲ့ ရာချီရောက်နေကြောင်း သတင်း တွေထွက်ပေါ်၊ AA တပ်တော် အောင်ပွဲခံနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ရင် နေပြည်တော်ကို တိုက်မယ်လို့ AA ပြောတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးရင် နေပြည်တော်ကို တိုက်ခိုက်မယ်လို့ အာရက္ခတပ်တော်(AA)က ပြောတယ်ဆိုပြီး အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ပြောဆိုဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  “AA က အပြတ်ပြောနေပြီ  ဒေါ်စု မလွတ်ရင် နေပြည်တော် တိုက်မည် မြန်မာပြည်ရဲ့ လူထုခေါင်း‌ဆောင်ကို မလွှတ်ရင် နေပြည်တော် အထိ တက်မည်ဟု  ဗိုလ်ချုပ် ထွန်းမြတ်နိုင်အပြတ်ပြော” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် အထောက်အထားမတွေ့ရပါဘူး။ ဒီချန်နယ်နဲ့ […]

Continue Reading