Fact Check: ‌တပ်မ၈၈တစ်တပ်လုံး NLDကို မဲပေးတယ်ဆိုတာဖြစ်နိုင်လား

နိုင်ငံရေး | Politics

နိုင်ဝင်ဘာ ၈ရက်နေ့ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ မင်းဘူးမြို့မဲဆန္ဒနယ်မှာရှိတဲ့ တပ်မ ၈၈တစ်တပ်လုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးခဲ့ကြတယ်လို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာ ရေသားမျှဝေနေကြတာတွေ့ရပါတယ်။

ဒီလိုရေးသားရေးသားနေတဲ့ပို့စ်မှာ “တပ်မတစ်တပ်လုံး NLD မဲပေးခဲ့သည့်တပ်မ(၈၈) တပ်မတစ်ခုလုံး NLD ကိုမဲပေးခဲ့တဲ့ ပြည်သူ့တပ်မတော်သားတွေကို မြင်ဖူးချင်တယ်ဆိုလို့တင်ပေးလိုက်တာ သူတို့ပေါ့ တိုက်ရဲတယ်၊ သေရဲတယ် နီလည်း နီရဲတယ်ဆိုတာ သူတို့ပေါ့ လေးစားပါတယ် ဆရာကြီး Credit -Hla OoMaung”လို့ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

မူရင်းလင့်ခ် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

၂၀၂၀ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၁၈ကြားဖြတ်ရွေးကောက်အထိမှာတော့ တပ်မဲရုံတွေဟာ တပ်တွင်းမှာသာထားရှိခဲ့ပြီး ၂၀၂၀ရွေးကောက်ပွဲမှာတော့ တပ်မဲရုံတွေမထားတော့ပဲ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေဟာ နီးစပ်ရာရပ်ကွက်မဲရုံတွေမှာ သွားရောက်မဲပေးရတာပါ။ဒီလိုမဲပေးရတာကြောင့် တပ်မတော် သားတွေနဲ့ မိသားစုဝင်တွေရဲ့ မဲအရေတွက်ကို သီးခြားအတည်ပြုဖို့မလွယ်ကူတဲ့အပြင် တပ်တွင်းမဲရုံတွေထားခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းကလည်း တပ်အင်အားပေါက်ကြားနိုင်တဲ့ လုံခြုံရေးအကြောင်းပြချက်ကြောင့် တပ်တွင်းမဲအရေအတွက်ကို သီခြားထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။

ဒီလိုရေးသားမျှဝေနေတဲ့ပို့စ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmarက မင်းဘူးမြို့NLDပါတီရဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ခံဦးအေးမင်းအောင်က“အဲ့ဒီပို့စ်ကို ကျွန်တော်တွေ့ပါတယ်၊ တပ်မဲတွေက မင်းဘူး(စကု)ရဲ့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ၂၀ရာခိုင်နှုန်းလောက်ပဲ ရှိတာပါ၊ နိုင်တဲ့မဲတွေထဲ တပ်မဲတွေမပါဘူးလို့တော့ မပြောနိုင်ဘူးပေါ့နော်၊ ဒါပေမဲ့ ရာခိုင်နှုန်းနည်းမယ်၊ ဘာလို့ဆိုရင် ၂၀၁၈ အရင်ကြားဖြတ်ရွေးကောက်ပွဲတုန်းက တပ်မဲရုံတွေမှာ NLDက တမဲမှမရခဲ့ဘူး၊ သုံညပဲရခဲ့တာလေ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တရားဝင်မီဒီယာတွေမှာလည်း မင်းဘူးမြို့နယ်က တပ်မဲရုံတစ်ခုက ရလာဒ်မှာ NLD ကရာနှုန်းပြည့်မဲရလာဒ်ရခဲ့ပြီး USDP ကို လုံးဝမဲမပေးခဲ့တဲ့ မဲရုံးမျိုးရှိခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုးမတွေ့ရှိရပါဘူး။ 

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ မင်းဘူးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်အရွေးခံခဲ့တဲ့ NLDက၂၁၂၄၃မဲနဲ့  ၅၇.၂၁ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးပါတီက ၁၁၀၈၃မဲနဲ့ ၂၉.၈၅ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပြီး တပ်မဲရုံတွေမှာ NLDက တစ်မဲမှမရခဲ့ဘူးဆိုတဲ့ စကားနဲ့ပြန်ချိန်မယ်ဆိုရင်တော့ ပြည်ခိုင်ဖြိုးရတဲ့ ၂၉.၈၅ ရာခိုင်နှုန်းဟာ တပ်မဲတွေဖြစ်နိုင်ပါတယ်။

လက်ရှိ၂၀၂၀ရွေးကောက်ပွဲမှာတော့ မင်းဘူးမြို့နယ်မှာ NLD နဲ့ USDP အပါအဝင် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ပါတီတွေရဲ့ မဲရလာဒ်ကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

အလားတူမင်းဘူးက တပ်မဲရုံရဲ့ ရလာဒ်အဖြစ်ဖော်ပြပျံ့နှံ့လျက်ရှိခဲ့တဲ့ ပို့စ်တွေမှာလည်း USDP က မဲရလာဒ် သုညရခဲ့တယ်ဆိုတဲ့အချက်မျိုးမတွေ့ရပါဘူး။ ဉပမာအားဖြင့် လူမှုကွန်ယက်မှာ ပျံ့နှံမှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုမှာ “ပြောပြရင် ယုံမှာလား တစ်ကယ်ထင်မထားမိတာ အမှန်ပါ မင်းဘူး ရွှေမင်္ဂလာ ရပ်ကွက်

ခြေလျင်တပ်ရင်း 88 မဲထည့်ရသည့်မဲရုံတွင် လုံးဝ မထင်ထားတဲ့ ရလာဒ်ကိုရလို့ အတိုင်းမသိ ပျော်ရွှင်မိပါတယ်

NLD-465 USDP-416”လို့ ရေးသားပြီး “ရဲရင့်ထွန်း”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

 ဒီလင့်မှာ ဝင်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

တပ်မ ၈၈တစ်တပ်လုံး NLDပါတီကို မဲပေးခဲ့တယ်ဆိုမျှဝေနေတဲ့ဝက်ဘ်ဆိုဒ်တွေကြည့်မယ်ဆိုရင်  လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေကို ကူးယူပြီးဖော်ပြနေတဲ့ ဝက်ဘ်ဆိုဒ်တွေမှာ အဓိက မျှဝေထားတာတွေ့ရပါတယ်။

Avatar

Title:တပ်မ၈၈တစ်တပ်လုံး NLDကို မဲပေးတယ်ဆိုတာဖြစ်နိုင်လား

Fact Check By: Lynn Yu 

Result: Explainer


Leave a Reply

Your email address will not be published. Required fields are marked *