
ဒီမောဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲ့ တိုက်ခိုက်ခံရတဲ့ တင့်ကားတွေလို့ ရေးသားပြီး ကွင်ပြင်တစ်ခုမှာ တင့်ကားတစ်စီး မီးလောင်နေတဲ့ဓာတ်ပုံနဲ့ နောက်ထပ်တင့်ကားတစ်စီး လမ်းဘေးထိုးကျနေတဲ့ ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။
သို့ေသာ်လည်း ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့ပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။
“ဒီမော့ဆို PDF လက်ချက်ကြောင့်မီးလောင်ပျက်ဆီး
သွားသော..အိုဟောင်းနေသောတင့်ကားများ”လို့ေရးသားပြီး “Ro Kyaw Zan Htet”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီမောဆိုမှာ တင့်ကား ၂ စီး ပြည်သူ့ကာကွယ်ရေးတပ်က ဖျက်စီးနိုင်ခဲ့တဲ့ သတင်းကို ခေတ်သစ်သတင်းဌာနရဲ့ ဒီလင့်ခ်မှာ တွေ့ရပါတယ်။
Google မှာပုံရှာနည်းအသုံးပြုရှာေဖွရာမှာ တင့်ကားတစ်စီးမီးလောင်နေတဲ့ပုံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာ The Atlantic သတင်းဌာနက ၂၅ နှစ်ပြည့် ကန္တရမုန်တိုင်းစစ်ဆင်ရေး အကြောင်းရေးသားထားတဲ့ သတင်းတစ်ခုမှာ ဒီပုံကို အသုံးပြုထားတာတွေ့ရပါတယ်။
ဓာတ်ပုံစာသားအဖြစ် “၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က အမေရိကန် စစ်တပ်ရဲ့ အမှတ် ၈၂ လေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့မှ ပစ်လွှတ်လိုက်သော TOW ဒုံးကျဉ်ထိမှန်ပြီး မီးစွဲလောက်သွားသော အီရတ်တင့်ကားတစ်စီးပုံ”လို့ရေး သားထားပါတယ်။
မူရင်းလင်ခ့် – The Atlantic | Archive link
နောက်ထပ်တင့်ကားတစ်စီးပျက်စီးနေပုံကိုလည်း Google မှာပုံရှာနည်းနဲ့ ထပ်မံရှာဖွေကြည့်ရာမှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၄ ရက်ကတည်းက ပျံ့နှံ့ခဲ့တာအောက်ပါအတိုင်းတွေ့ရပါတယ်။
Google Translate အသုံးပြုပြီး မူရင်းရေးသားထားတဲ့ ဘာသာစကားဖြစ်တဲ့ တူရကီဘာသာကနေ ပြန်ဆိုကြည့်ရာမှာ အဇာဘိုင်ဂျန်ဘက်မှ တင့်ကားတွေကို အာမေးနီးယားက တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားတဲ့ သတင်းမှာ စတင်အသုံးပြုထားတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Ermenihaber | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဒီမောဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ တင့်ကားတွေ အဖြစ် မျှဝေနေတဲ့ ဓာတ်ပုံတွေဟာ အီရတ်နဲ့ အဇာဘိုင်ဂျန်က တင့်ကားပျက်စီးမှု ဓာတ်ပုံတွေဖြစ်ပါတယ်။

Title:ဒီမောဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ တင့်ကားတွေလား-မဟုတ်ပါ
Fact Check By: Zun ZeeResult: False