
အာဆီယံကို စစ်တပ်ထောက်ခံသူတွေ ဆန္ဒပြနေတယ်ဆိုပြီးတော့ လူအများအပြားစုဝေးနေပုံနဲ့ လမ်းလျှောက် နေပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၆ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ စစ်တပ်ခေါင်း ဆောင်အပါအဝင် နိုင်ငံရေးရာထူးရှိသူ မည်သူကိုမဆို အာဆီယံအစည်း အဝေးတက်ရောက်ခွင့် မရဖြစ် ပြီးနောက်မှာ ဒီလိုမျှဝေလာတာဖြစ်ပါတယ်။
သို့သော်လည်း ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုဓာတ်ပုံတွေဖြစ်ပါတယ်။
“ယနေ့ ရန်ကုန်တွင် တပ်မတော်ထောက်ခံသူများ စုပေါင်းပြီး အာဆီယံအဖွဲ့ကြီးအား ကန့်ကွက်ဆန့်ကျင်ခဲ့ကြ ပါတယ်”လို့ရေးသားပြီး “June June”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဒီလိုရေးသားမျှဝေထားတဲ့အောက်မှာ အများအပြားက အကြောင်းအရာဟာ ဟာသအမြင်နဲ့ ဝင်ရောက်မှတ်ချက် ရေးသားမျှဝေနေကြတာတွေ့ရပေမဲ့ နားလည်မှုလွဲစေနိုင်တာလည်းတွေ့ရပါတယ်။
ဓာတ်ပုံတွေကို အင်တာနက်မှာ ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ မှာ စစ်အာဏာ သိမ်းမှုဆန့်ကျင် ဆန္ဒပြကြတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ AFP သတင်းဌာနက ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံ ၂ ပုံကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
“၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁၇ ရက်က မန္တလေးမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေဖြင့် ဆန္ဒပြသူတွေ ဟာ ဆိုင်းဘုတ်တွေကိုင်ဆောင်လျှက် လမ်းမထက်မှာ ဆန္ဒပြချီတက်ခဲ့ကြသည်။(Photo by Nay Zar Lin/AFP) (NAY ZAR LIN/AFP viaGetty Images)

မူရင်းလင်ခ့် –Getty Images | Archive link
ထို့အပြင် အခြားသော ဖေဖော်ဝါရီလအတွင်းက ဆန္ဒပြဓာတ်ပုံတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ စစ်အာဏာသိမ်းမှု ဆန္ဒပြဓာတ်ပုံတွေဖြစ်ပါတယ်။

Title:အာဆီယံ အစည်းအဝေးတက်ခွင့်မရလို့ စစ်တပ်ထောက်ခံသူများ ဆန္ဒပြပုံ လား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Satire