
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံအနှံ့မှာ ဆန္ဒပြမှုတွေဖြစ်ပေါ်လျက်ရှိပြီး မန္တလေးမှာ ဖေဖော် ဝါရီ ၁၀ ရက်က သံဃာတော်တွေ ဆန္ဒပြခဲ့တာတွေ့ရပါတယ်။
ဒီလိုအခြေအနေမှာ သံဃာတွေဆန္ဒပြမှုအဖြစ် လူမှုကွန်ယက်မှာ မျှဝေလာတာတွေ့ရပြီး နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။
တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
“10/2/2021”လို့ ရေးသားပြီး “Min Min Kayw ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဖေဖော်ဝါရီ ၁၀ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင်ကျော်ရှိပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
စစ်အာဏာသိမ်းမှုကို လက်တလောဆန္ဒပြမှုနဲ့ ဖေဖော်ဝါရီ ၁၀ ရက်က မန္တလေးမှ သံဃာတွေ ဆန္ဒပြတာကို တွေ့ရပါတယ်။ ဒီလင့်ခ်မှာလည်းကြည့်နိုင်ပါတယ်။ ရန်ကုန်မှာ မင်္ဂလာတောင်ညွှန့်မှာ သံဃာတွေဆန္ဒပြခဲ့ တာတွေ့ရပါတယ်။
သို့သော်လည်း ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အဖြစ်တင်စား ခေါ်ဝေါ်ကြတဲ့ သံဃာတော်တွေဦးဆောင်ပြီး အထွေထွေ အကြပ်အတည်းကို ဆန္ဒပြတဲ့ပုံ တွေဖြစ်ပါတယ်။
Idelthink.wordpress.com မှာ ၂၀၀၇ ခုနှစ်စက်တင်ဘာ ၂၈ ရက်က Rachel အမည်နဲ့စာရေးသူက မြန်မာနိုင်ငံမှာ ဆီဈေးနှုန်း ရုတ်တရက်မြှင့်တင်မှုအကျိုးဆက်အနေနဲ့ ပို့ဆောင်စရိတ်အပါအဝင် အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲအကြောင်းရေး သားထားတာဖြစ်ပါတယ်။
မူရင်းလင်ခ့် – idelthink.wordpress | Archive link
ဒီလင့်ခ်မှာလည်း ကြည့်ရှု့နိုင်ပါတယ်။
သုံးသပ်ချ
အထက်ပါအချက်အလက်အရ လက်ရှိ ဆန္ဒပြပုံအဖြစ် မျှဝေနေတဲ့ ဒီဓာတ်ပုံဟာ ၂၀၀၇ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်ပြီး သံဃာတွေဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးက ပုံဖြစ်ပါတယ်။

Title:သံဃာတွေဆန္ဒပြနေတဲ့ ဒီပုံက လက်ရှိစစ်အာဏာသိမ်း ဆန္ဒမှုက မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading