
အစိုးရအနေနဲ့ ဆေးရုံနဲ့မဲရုံ ဘယ်ဟာပိုအရေးကြီးနေလည်း ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌဦးခင်ရီသတိပေးဆို့တဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာပြန့်နှံ့နေတာတွေ့ရပါတယ်။
ဦးခင်ရီပုံမှာ “အစိုးရအနေနဲ့ ဆေးရုံနဲ့မဲရုံ ဘယ်ဟာပိုအရေးကြီးနေလည်း ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌဦးခင်ရီသတိပေး”ဆိုတဲ့ စာသားကိုထည့်သွင်းထားတဲ့ ဓာတ်ပုံနဲ့အတူ ဦးခင်ရီကို ပုတ်ခတ်တဲ့ စာတွေရေးသားပြီးပို့စ်တင်နေတာကိုတွေ့ရပါတယ်။
ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်ဟာ သတင်းမှားဖြစ်တာ တွေ့ရှိရပါတယ်။

မူရင်းလင်ခ့် – FB Link | Archive Link
အချက်အလက်စိစစ်ချက်
Google မှာ “အစိုးရအနေနဲ့ မဲရုံနဲ့ဆေးရုံ ဘယ်ဟာကပိုအရေးကြီးနေလဲ”၊ “ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်”စတဲ့အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး သတင်းဌာနတစ်ချို့မှာဖော်ပြချက်ရှိ မရှိရှာဖွေရာမှာ တစ်စုံတစ်ရာဖော်ပြချက် မတွေ့ရှိရပါဘူး။
ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့တိုက်တွန်းထားတဲ့ ဉီးခင်ရီရဲ့ ပြောကြားချက်ဗွီဒီယိုဖိုင်ကို အကုန်သိသတင်းဌာနက ဖော်ပြထားတာတွေ့ရပါတယ်။ သို့သော်လည်း ၁၁ မိနစ်ကျော်ကြာတဲ့ ဒီဗွီဒီယိုဖိုင်မှာလည်း ဦးခင်ရီက အထက်ပါပို့စ်တွေမှာပြောကြားခဲ့သလို ပြောကြားခဲ့ခြင်းမရှိတာတွေ့ရပါတယ်။
မူရင်းလင့်ခ် – Akonthi | Archive link
၁၁ မိနစ်ကျော်ကြာတဲ့ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ တတိယအကြိမ်ပြောကြားချက်ကို ပြည်ခိုင်ဖြိုး ဒုတိယဉက္ကဌဦးခင်ရီက ဒီနေရာမှာ မျှဝေထားတာတွေ့ရပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဦးခင်ရီရဲ့ ပြောကြားချက်ချက် ဗွီဒီယို အောက်တိုဘာ ၂ ရက်နေ့က စာသားနှင့်တကွဖော်ပြထားတာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အစိုးရ ဒီထက်လွန်လာရင် တပ်ကို ထုတ်သုံးရမယ်လို့ ဦးခင်ရီပြောဆိုသတိပေးတယ်ဆိုတဲ့အထောက်အထားမတွေ့ရှိရပါဘူး။ အခုမျှဝေနေတာဟာ အချက်အလက်အမှားသာဖြစ်ကြောင်းတွေ့ရပါတယ်။

Title:အစိုးရ ဒီထက်လိုလာရင် တပ်ကို ထုတ်သုံးရမယ်လို့ ဦးခင်ရီပြောခဲ့သလား
Fact Check By: Lynn YuResult: False