Fact Check: ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီး တရုတ်ကို NUG အကြပ်ကိုင်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီး တရုတ်ကို NUG က အကြပ်ကိုင်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ လုပ်ကြံရေးသား ပြောဆိုမျှဝေမှုသာဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၅ သိန်းကျော်ရရှိထားတယ်။

Original link | Archive link

အချက်အလက်စိစစ်ချက်

“Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာ‌တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေတဲ့ နေရာ တခုဖြစ်တာတွေ့ရတယ်။ ရံဖန်ရံခါ ဖေ့စ်ဘွတ်အသုံးပြုသူတွေ မျှဝေတဲ့ အတွေးအမြင်‌ဆောင်းပါးတွေကိုလည်း ခေါင်းစဉ်တုတပ် ဖြန့်ချိပါတယ်။

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူ တဦးရေးသားတဲ့ “တရုတ် နှင့် ပတ်သက်၍ NUG မည်သို့ သဘောထားမည်နည်း”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖော်ပြထားတယ်။ ဒီဆောင်းပါးထဲမှာ တရုတ်ဟာ စစ်အုပ်စုမကျရှုံးစေဖို့အတွက် ရွေးကောက်ပွဲနည်းလမ်းကို ထောက်ခံအားပေးလာသလို စစ်တပ်မကျရှုံးအောင် အမျိုးမျိုး ကျားကန်ပေးဖို့ရှိပြီး ဘယ်လို အကြောင်းမျိုးနဲ့ မဆို NUG ကို အားပေးထောက်ခံလာမှာမဟုတ်ကြောင်းနဲ့ ၂၀၂၅ ခုနှစ်ထဲမှာ NUG အနေနဲ့ လူထုကို ကိုယ်စားပြုတယ်ဆိုရုံနဲ့မရတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ခိုင်မာတဲ့ ကတိကဝတ်တွေ ရရှိအောင် ဆွေးနွေးညှိနှိုင်ပေါင်းစပ်နိုင်အောင် ဆောင်ရွက်ဖို့ လိုတာတဲ့အကြောင်း စသည်ဖြင့် ရေးသားထားတယ်။ 

၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ထိုင်းနဲ့ ချက်ချင်း အပစ်ရပ်ဖို့ ကမ္ဘောဒီးယား တောင်းဆို”၊ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “PDF အဖြစ်မှ စစ်ကောင်စီထံသို့ ခိုလှုံခဲ့ပြီးသော လူဟောင်းများကို စစ်တပ်က ပြန်လည်ခေါ်ယူကာ ယခုမှ အလင်းဝင်သည့်ပုံစံဖြင့် သရုပ်ဆောင် အခမ်းအနားတက်ခိုင်းကာ လိမ်လည်ဝါဒဖြန့် ၊ တော်လှန်ရေးအဖွဲ့များအကြား သွေးကွဲစေရေး ဆောင်ရွက်ရန်ဆိုသော စစ်ကောင်စီ၏ ညွှန်ကြားချက်အရ လုပ်ဆောင်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

“Yangon Khit Thit” ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဖေ့စ်ဘွတ်အသုံးပြုသူ တဦးရေးသားတဲ့  တရုတ်ရဲ့ ထောက်ခံမှု NUG အနေနဲ့ မျှော်လင့်လို့မရတော့ဘဲ တိုင်းရင်းသားအဖွဲ့တွေနဲ့ ခိုင်မာတဲ့ ကတိကဝတ်တွေအတွက် ကြိုးစားအားထုတ်သင့်ပြီဆိုတဲ့ ဆောင်းပါးကို ခေါင်းစဉ်လွဲတပ် ထားခြင်းဖြစ်တယ်။ NUG အနေနဲ့ နိုင်ငံကို ဖြတ်ပြီး တရုတ်ကို သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုင်လိုင်းကို ဖောက်ခွဲခဲ့တယ်ဆိုတဲ့ အထားလည်းမရှိပါဘူး။ 

ပြောဆိုချက်- ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီး တရုတ်ကို NUG က အကြပ်ကိုင်လိုက်ပြီ

Avatar

Title:Fact Check: ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီး တရုတ်ကို NUG အကြပ်ကိုင်တဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *