Fact Check: ရွေး‌ကောက်ပွဲမဲလာမထည့်လို့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ အဖမ်းခံရတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

ရွေး‌ကောက်ပွဲမဲလာမထည့်လို့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ အဖမ်းခံရ တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအား‌ကောင်းလျက်ရှိတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိမှု သာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“အခုမှ MRTV ထုတ်ပြန်လို့ လန့်ကုန်ကြပြီ

သန်းရွှေ ကို သတ် ပြီး သိန်းစိန် ကို ဖမ်းထား

ဒါကြောင့် ရွေးကောက်ပွဲမှာ မဲလာမထည့်တာ ကိုး”

Original link | Archive link

အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ရန်ကုန်ခေတ်သစ်အမည်နာမကို တုပထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ လုပ်ကြံပြောဆိုချက်တွေနဲ့ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလိုပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ဖြန့်ချိ ပါတယ်။ ဒီချန်နယ်တွေနဲ့ ပတ်သက်ပြီးအချက်အလက် စိစစ်ချက်တွေကိုဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ အခုတလော ရွေးကောက်ပွဲအကြောင်းပြောဆိုဆွေးနွေးမှုတွေကို အကြောင်းပြုပြီး ဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအကြောင်း ခေါင်းစဉ်တုတပ်ဖြန့်လာ ခြင်းဖြစ်တယ်။ သူတို့ နှစ်ဦးကို ဖမ်းဆီလိုက်တယ်ဆိုတဲ့အကြောင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တခုတလေကမျှ  ဖော်ပြချက်မတွေ့ရပါဘူး။ 

ဒီအပြင် ဗွီဒီယိုထဲပါ ရုပ်ကတ်ဓာတ်ပုံတချို့ဖြစ်တဲ့ ဦးသိန်းစိန်ကို လက်တဘက်စီကနေ ကိုင်ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒု-စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့က ဖမ်းဆီးခေါ်ဆောင်လာတဲ့ မြင်ကွင်းဟာ ဉာဏ်ရည်တု(A))နည်းပညာအသုံးပြု ဝက်ဘ်ဆိုဒ်တွေက ဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်တယ်။ 

သုံးသပ်ချက်

ဗွီဒီယိုကို လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တွေမှာ  ဖြန့်ဝေထားခြင်းဖြစ်တယ်။ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်းဦးကို စစ်တပ်က ဖမ်းတယ်ဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: ရွေး‌ကောက်ပွဲမဲလာမထည့်လို့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ အဖမ်းခံရတဲ့ သတင်းတု 

Fact Check By: နေရာမောင်  

Result: False