Fact Check: ဘုံသဘောတူညီချက်  ၅ ချက် မလိုက်နာလို့ စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း ဖိလစ်ပိုင်ကြေညာတဲ့ သတင်းတု

False နိုင်ငံရေး | Politics

အာဆီယံမှာ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက်  ၅ ချက် မလိုက်နာလို့ စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း ဖိလစ်ပိုင်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။ 

ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ 

“မင်းအောင်လှိုင် ထိုင်ခုံ ပြုတ်ပြီး အာဆီယံ ဘုံ (၅) ချက် မလိုက်နာလို့ စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း ဖိလစ်ပိုင် ကြေညာ”

Original link | Archive link

အချက်အလက်စိစစ်ချက်

အာဆီယံမှာ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက်  ၅ ချက် မလိုက်နာလို့ စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း ဖိလစ်ပိုင်ကြေညာလိုက်တဲ့ ဒီသတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ သတင်းမီဒီယာတွေမှာဖြစ်စေ ဖော်ပြချက် တစုံတရာ မတွေ့ရပါဘူး။ ဖိလစ်ပိုင် အစိုးရထုတ်ပြန်ချက်လည်း မရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီထိပ်တန်းခေါင်း‌ဆောင်တွေကို အာဆီယံက အာဏာသိမ်းအပြီးကတည်းက အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ထားပြီးသားဖြစ်တယ်။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့  “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်ကို တုပထားတဲ့ ချန်နယ်တခုဖြစ်ပြီး လုပ်ကြံရေးသား ပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ရော‌နှောဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာ ကြည့်ပါ။ 

သတင်းခေါင်းစဉ်တုတပ်ထားပေမဲ့ ဗွီဒီယိုထဲမှာ တကယ်တမ်းပါဝင်တဲ့အကြောင်းအရာဟာ CDM ဗိုလ်မှူး တင်လင်းအောင်ရဲ့ ယူကျူ့ချန်နယ်မှာ ဖော်ပြထားတဲ့ ဗွီဒီယိုကို ပြန်လည်မျှဝေထားခြင်းဖြစ်တာတွေ့ရတယ်။

Fact Check:စစ်တပ်ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံချက်ဆိုတဲ့ အသံဖိုင် သတင်းတု

သုံးသပ်ချက်

“Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်ကို တုပထားသလို လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေကို အစည်းအဝေးတက်ရောက်ခွင့် အာဏာသိမ်းအပြီးကတည်း တက်ရောက်ခွင့် ပိတ်ပင်ထားခြင်းခံရပါတယ်။

Result Stamp

Title: Fact Check: ဘုံသဘောတူညီချက်  ၅ ချက် မလိုက်နာလို့ စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း ဖိလစ်ပိုင်ကြေညာတဲ့ သတင်းတု

Written By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *