NLD အလံနဲ့ခွဲမရအောင်တူတဲ့ ပါတီအလံတွေအဖြစ်ဖော်ပြနေတဲ့သတင်းမှား

False နိုင်ငံရေး | Politics

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အလံနဲ့ခွဲမရအောင်တူနေတဲ့ အလံ တွေနဲ့ အခြားပါတီတွေရှိတယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။ 

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ခွပ်ဒေါင်းအလံနဲ့ ကြယ်တစ်လုံးပါတာခြင်းတူတဲ့ အလံ ၄ မျိုးကို နံပါတ်စဉ်တပ် ဖော်ပြထား ပြီး “ရွေးကောက်ပွဲအတွက် အတော်လေးသတိထားရမယ်ကိစ္စပါ ၁ နဲ့ ၄ က အတော်လေးဆင်တူတယ် တော်တန် ယုံလူအဖို့ NLD တံဆိပ်နဲ့ မှားနိုင်ပါတယ်… NLD ရဲ့ အမှတ်တံဆိပ်က နံပတ် ၁ ဖြစ်ပါတယ် အလွယ်တကူ ခွဲခြား သိနိုင်အောင် မှတ်သားထားဖို့က…NLD ရဲ့အမှတ်တံဆိပ်မှာ ခွပ်ဒေါင်းရဲ့နှုတ်သီးဟာ ကြယ်ထောင့်ချွန် ၂ ခု ကြားမှာရှိပါတယ်… ကြယ်ရဲ့ ညာဘက်အောက်ထောင့် အပြင်စွန်းနားမှာ နှုတ်သီးရှိနေရင် NLD မဟုတ်ပါဘူး… အဲ့ဒါလေးကို ဂရုပြုမှတ်သားထားကြပါ ရတဲ့နည်းနဲ့. ပုံမှားရိုက်ကြပါလိမ့်မယ်”ဆိုပြီး “Waiphyomaung”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။

LinkArchive Link

အချက်အလက်စိစစ်ချက်

တကယ်တော့ ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အရမ်းတူတယ်ဆိုတဲ့ အမှတ်တံဆိပ်မျိုးတွေ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်ရှာဖွေကြည့်ရာမှာ NLD အလံ၊ အမှတ်တံဆိပ်တို့နဲ့ ခွဲခြားလို့မရအောင် ဆင်တူ ရိုးမှားလုပ်ထားတယ်ဆိုတဲ့ အမှတ်တံဆိပ်တွေနဲ့ပါတီမျိုး အမှန်တကယ်ရှိမနေပါဘူး။

ဒီပို့စ်မှာ ရေးသားထားတဲ့ နံပါတ်စဉ်မှာ ၁ ပေးထားတဲ့အလံဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံလို့ဖော်ပြထား တာတွေ့ရပါတယ်။ အဆိုပါအချက်အလက်ဟာ မှန်ကန်တာတွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

Link

သို့သော်လည်း “Waiphyomaung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ နံပါတ်စဉ် ၂၊ နံပါတ်စဉ် ၃ နဲ့ နံပါတ်စဉ် ၄ လိုမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအလံ၊ ပါတီအမှတ်တံဆိပ်နဲ့ ခွဲခြားမပြုနိုင်လောက်အောက် ဆင်တူတဲ့ ပါတီမျိုးကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်ရှာဖွေ တွေ့ရှိခြင်း မရှိ ပါဘူး။ တည်ဆဲနိုင်ငံရေးပါတီ ၉၅ ခုရဲ့ စာရင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

UEC

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ အရောင်နဲ့ အသွင်အပြင်မှာ အနည်းငယ်ဆင်တူဟန်ရှိတဲ့ ပါတီတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ အရောင်နဲ့ အသွင်အပြင်မှာဆင်တူတဲ့ အခြားသောပါတီသုံးခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ (MON UNITY PARTY)၊မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊၈၈ မျိုးဆက်ဒီမိုကရေစီပါတီတို့ရဲ့ ပါတီအလံ၊ ပါတီတံဆိပ်တွေကို အောက်ပါအတိုင်း အစဉ်လိုက်နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အလံနဲ့ခွဲမရအောင်တူနေတဲ့ အလံ တွေနဲ့ အခြားပါတီတွေရဲ့အလံဆိုတဲ့ နံပါတ်စဉ် ၂၊ နံပါတ်စဉ် ၃ နဲ့ နံပါတ်စဉ် ၄  အမှတ်တံဆိပ်အတုတွေသာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ အခြားသော ပါတီတွေရဲ့ အမှတ်တံဆိပ်ဆိုတာ မဟုတ်မမှန်တာတွေ့ရပါတယ်။

Avatar

Title:NLD အလံနဲ့ခွဲမရအောင်တူတဲ့ ပါတီအလံတွေအဖြစ်ဖော်ပြနေတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *