Fact Check: ကိုဗစ်-၁၉ ရောဂါဟာ ဘက်တီးရီးယာကြောင့်ဖြစ်တာလို့ စင်ကာပူနိုင်ငံက တွေ့ရှိဆိုတဲ့ သတင်းမှားပျံ့နှံ့

False ကျန်းမာရေး၊ | Health

ကိုဗစ်-၁၉(COVID-19)ရောဂါဟာ ဘတ်တီးရီးယားကြောင့်ဖြစ်တာလို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက လူသေလောင်းကို ရင်ခွဲသုတေသနပြုရာကနေတွေ့ရှိခဲ့တယ်ဆိုတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်း များစွာ မျှဝေလျက်ရှိပါတယ်။ ကိုဗစ်-၁၉ လူနာတွေကို Asprin ပေးခြင်းအားဖြင့် သက်သာ ပျောက်ကင်းခဲ့တာ ကိုလည်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနတွေ့ခဲ့ရတယ်လို့လည်း ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ရေးထားပါတယ်။ 

သို့သော်လည်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကလည်း ဒီလိုပြောဆိုချက်ကို ငြင်းဆိုထားပြီး ကိုဗစ်-၁၉ ရောဂါပိုးဟာ SARS-CoV-2 ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်လို့ နိုင်ငံတကာသိပ္ပံပညာရှင်တွေက အတည်ပြုပြီး ဖြစ်ပါတယ်။

“သင့်အတွက်ကျန်းမာရေး”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက “#အများအတွက်အားတက်စရာသတင်း တကယ့်ကို အားတက်စရာသတင်းပါ။အတိုချုပ်ပဲပြောပြပါမယ်။စင်ကာပူနိုင်ငံအနေနဲ့ကိုဗစ်ရောဂါနဲ့သေဆုံးတဲ့အလောင်း(dead body)ကို သေဆုံးတဲ့အကြောင်းရင်းသိဖို့ရင်ခွဲစစ်ဆေးတဲ့ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။ အဲဒီမှာဘာသွား တွေ့လဲဆိုတော့ ကိုဗစ်-၁၉ဟာဗိုင်းရတ်စ်ပိုးအနေနဲ့တည်ရှိနေတာမဟုတ်ဘဲ ရောင်ခြည်နဲ့ထိတွေ့ထားတဲ့ ဗက်တီးရီးယားအဖြစ်သာတည်ရှိနေတာဖြစ်ပြီးသွေးခဲအောင်လုပ်ပြီးလူ့အသက်ကိုဆုံးရှုံးစေတာပါ “စသည်ဖြင့် ရေးသားပြီးမျှဝေထားပါတယ်။ထို့အပြင် “ဒီသုတေသနပြုမှုကိုလေ့လာပြီးနောက်မှာစင်ကာပူနိုင်ငံကျန်းမာရေး ဝန်ကြီးဌာနဟာကိုဗစ်-၁၉ ကုသမှုပုံစံ ကိုပြောင်းလဲခဲ့ပါတယ်။ကိုဗစ်ကူးစက်ခံရသူတွေကို asprinပေးခဲ့ပါတယ်။ အကျိုးဆက်ကတော့လူနာတွေဟာခပ်မြန်မြန်သက်သာပြီးကျန်းမာရေးတိုးတက်ကောင်းမွန်လာပါတယ်။”လို့လည်းရေးသားထားပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရ ပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

စင်ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အဖြစ် ကိုဗစ်ကြောင့်သေဆုံးရသူတွေကို ရင်ခွဲလေ့လာ ချက်အရဆိုပြီးတော့ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာကို သတိပြုမိပြီး ဒီထုတ်ပြန်ချက်ဟာ မမှန်ကန်ဘူးလို့ ပြောဆိုထားပြီး သတင်းမှားမဖြန့်ဖို့ ဇွန် ၇ ရက်ကတည်းက ထုတ်ပြန်တိုက်တွန်းထားပါတယ်။ အခုပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာအတိုင်းပဲ အစောပိုင်းမှာ ရုရှားနိုင်ငံကတွေ့ရှိတယ်လို့ ပျံ့နှံ့ခဲ့ပြီး ဒီအချက်ဟာလည်း မမှန်ကန်ကြောင်း ဖော်ပြထားပါတယ်။

https://www.facebook.com/sghealthministry/posts/10159182946525631

မူရင်းလင်ခ့် – Singapore Minister of HealthArchive link

ကိုဗစ်-၁၉ ရောဂါပိုးဟာ ဘတ်တီးရီးယားကြောင့် ဖြစ်ပွားတယ်လို့ အီတလီနိုင်ငံကတွေ့ရတယ်ဆိုပြီး တော့လည်း ပြီးခဲ့တဲ့နှစ်ကလည်း သတင်းမှားပျံ့နှံ့ခဲ့ပြီး အဲဒီအချိန်က Fact Crescendo က အချက်အလက်စိစစ်ခဲ့ပါသေးတယ်။

ကိုဗစ်-၁၉ ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါလို့ နိုင်ငံတကာသိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွား ခြင်းဖြစ်ပြီး ဘတ်တီးရီးယားကြောင့် မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒီလိုပဲ ရောင်ရမ်းမှုသက်သာစေတဲ့ ဆေးတွေဟာ ကိုဗစ်ပြင်းထန်လူနာတွေအတွက် ပိုဆိုးစေနိုင်တယ်လို့ WHO ကတွေ့ရှိရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွား ခြင်းဖြစ်ပြီး ဘတ်တီးရီးယားကြောင့် မဟုတ်ပါဘူး။ ကိုဗစ်-၁၉ ရောဂါဟာ ဘက်တီးရီးယားကြောင့်ဖြစ်တယ်လို့ စင်ကာပူနိုင်ငံက တွေ့ရှိတယ်ဆိုတာလည်းမမှန်ပါဘူး။

Avatar

Title:ကိုဗစ်-၁၉ ရောဂါဟာ ဘက်တီးရီးယာကြောင့်ဖြစ်တာလို့ စင်ကာပူနိုင်ငံက တွေ့ရှိဆိုတဲ့ သတင်းမှားပျံ့နှံ့

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *