
ဗိုလ်မှူးကြီးအဆင့်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တစ်ယောက်ဖမ်းဆီးရမိပုံအဖြစ် ပခုံးထက်မှာ စစ်ဘက် ဆိုင်ရာ အပွင့်အခက်ပုံစံ တက်တူးထိုးထားတဲ့လူတစ်ယောက်ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။
သို့သော် ဓာတ်ပုံဟာ ထိုင်းနိုင်ငံက ဗိုလ်ပု(Bophut)ရဲစခန်းက ၂၀၂၀ ခုနှစ်အတွင်းက မျှဝေထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
“U Zaw Min Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “PDF အကြမ်းဖက်အဖွဲ့မှ မှူးကြီး အဆင့်နဲ့ တစ်ယောက်ဖမ်းဆီးရမိ”လို့ရေးသားထားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်ကတည်းက အများအပြား ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။
အစောဆုံးဓာတ်ပုံကို ထိုင်းနိုင်ငံ ဗိုလ်ပု(Bophut)ရဲစခန်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မြန်မာနိုင်ငံမှာ PDF ဖွဲ့စည်းခြင်း မတိုင်မီ ၂၀၂၀ခုနှစ် ဒီဇင်ဘာ ၁၇ ကမျှဝေထား တာတွေ့ရပါတယ်။ မူရင်းထိုင်းဘာသာနဲ့ ရေးသားထားတဲ့ သတင်းကို Google Translate အသုံးပြုပြီး ဘာသာပြန်ဆိုကြည့်ရာမှာ စာသားနေရာမှာ “တာဝန်ကြောင့် တစ်ယောက်ရဲ့ အမှန်ကို မဖော်ပြနိုင် မင်္ဂလာညချမ်းပါ”လို့ ရေးသားထားတာတွေ့ရပါတယ်။ ဗိုလ်ပုနယ်မြေဟာ ထိုင်းနိုင်ငံ ကိုစမိုင်ခရိုင်ထဲကဖြစ်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – สถานีตำรวจภูธรบ่อผุด | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလထဲမှာ ထိုင်းရဲစခန်းတစ်ခုက မျှဝေထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။