Fact Check: မန္တလေးမြို့သိမ်းတိုက်ပွဲစနေပြီ၊ လုံခြုံရေးကောင်စီကို လက်နက် အမြန်ပေးဖို့ NUG သမ္မတတောင်းပြီဆိုတဲ့ သတင်းတုသတင်းမှား

False လူမှုရေး

မန္တလေးမြို့သိမ်းတိုက်ပွဲစနေပြီ အပြင်လုံးဝမထွက်ကြပါနဲ့ဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိရာ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။

“မန္တလေးမြို့သိမ်းတိုက်ပွဲစပြီ  

အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ပါ”လို့ ရေးသားပြီး “PDF Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။ ထို့အပြင် ဒုံးကျဉ်တွေပစ်နေတဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံနှစ်ခု ပေါင်းထားတဲ့ ဓာတ်ပုံပေါ်မှာ“NUG မှ ကုလလုံခြုံရေးကောင်စီကို လက်နက်အမြန်ပေးဖို့ NUG သမ္မတတောင်းပြီ မန္တလေးမြို့ သိမ်းတိုက်ပွဲစပြီ အပြင်လုံးဝမထွက်နဲ့”လို့ထပ်မံရေးသားထာပါတယ်။ 

မူရင်းလင်ခ့် – FB link | Archive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အခြားသောဘလော့ဂ်စာမျက်နှာ တစ်ခုနဲ့ Youtube ချန်နယ်တစ်ခုမှာလည်း ဖြန့်ဝေနေတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ အတွေးအမြင်နဲ့ သတင်းတွေကို ဗွီဒီယိုပုံစံပြုလုပ် လူစိတ်ဝင်စားဖွယ် ခေါင်းစဉ် အတု၊ ခေါင်းစဉ်အမှားတွေပေးပြီး ဝင်ငွေရှာနေတဲ့ဘလော့ဂ် စာမျက်နှာတွေကအခုလိုမျှဝေနေတာဖြစ်ပါတယ်။ လင့်ခ်ကို ထောက်ပြီးလိုက်တဲ့အခါမှာ တွေ့ရတဲ့ Youtube ဗွီဒီယိုပါအကြောင်းအရာဟာ ဇူလိုင်လ ၁၄ရက်နေ့ ညပိုင်းက မန္တလေးမြို့အောင်မြေသာစံမြို့နယ်တရားရုံးနှင့် အိန္ဒိယသံရုံးရှေ့ရှိ ဂိတ်တဲတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အောင်မြေသာစံမြို့နယ်တရားရုံး အစောင့်ကျနေသည့် စစ်သားနှစ်ဦးနဲ့ အိန္ဒိယသံရုံးရှေ့တွင် အစောင့်ကျသည့် စစ်သားလေးဦးစုစုပေါင်း ခြောက်ဦး ထိခိုက်ခဲ့တဲ့သတင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အရှက်ရဖွယ် ရုရှားခရီးစဉ်အကြောင်း၊ ဇူလိုင် ၁၄ ရက်က အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး H.E. Michelle Bachelet တို့ကြား အွန်လိုင်းတွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်း၊ အောင်ဆန်းသူရိယ လှသောင်းကျောင်းက ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံးတဲ့ သတင်းအကြောင်းအရာ တွေပဲဖြစ်ပါတယ်။

သုံးသပ်ချက်

ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်အတု၊အမှားတွေအသုံးပြုပြီး ဗွီဒီယိုကို လူကြည့်များအောင် လှည့်စားထားတဲ့ လုပ်ဆောင်မှုတစ်ခုသာဖြစ်ပါတယ်။ မန္တလေးကို သိမ်းတိုက်ပွဲစပြီ၊ လုံခြုံရေး ကောင်စီကို လက်နက်အမြန်ပေးဖို့ NUG သမ္မတတောင်းပြီး စတဲ့ပြောဆိုချက်တွေဟာ အထောက်အထားမရှိတဲ့ စိတ်ကူး ရင်ဆန်ဆန် သတင်းခေါင်းစဉ်တွေပေးပြီး လူတွေရဲ့ စိတ်ဝင်စားမှုရလိုမှုနဲ့ လှည့်စားထားတဲ့ သတင်းတု သတင်းမှားတွေပဲဖြစ်ပါတယ်။ သတင်းတုသတင်းမှားလို့ သံသယရှိပါက Fact Crescendo Myanmar ကို ဖေ့စ်ဘွတ်ကတစ်ဆင့် ဆက်သွယ်ပြီး ပေးပို့နိုင်ပါတယ်။

Avatar

Title:Fact Check: မန္တလေးမြို့သိမ်းတိုက်ပွဲစနေပြီ၊ လုံခြုံရေးကောင်စီကို လက်နက် အမြန်ပေးဖို့ NUG သမ္မတတောင်းပြီဆိုတဲ့ သတင်းတုသတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *