
“မြန်မာ ကို ၃ ရက်ထဲနဲ့ အပြီးသိမ်းနိုင်ကြောင်း ထိုင် ဝန်ကြီးချုပ်ပြောကြာ”ဆိုပြီး ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန် ယက်မှာ ပျံ့နှံ့ပါတယ်။
“မင်း ကြီး ကြိုက်”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ပဲခူးမြို့ကသတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ဧပြီ ၂၆ ရက်ကမျှဝေထားပါတယ်။

အခြားသော ဖေ့စ်ဘွတ်အုပ်စုတွေမှာလည်း မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။

“Zarni Tike”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်းဘန်ကောက်ပို့စ်မှာပါတဲ့ Mr.Kushima Asharay ၏ 3 Days to Myanmar ကိုဆီလျှော်အောင်ဘာသာပြန်ဆိုသည်ဆိုပြီးတော့ အလားတူပို့စ်တစ်ခုကို မျှဝေထားတာတွေ့ရ ပါတယ်။
အချက်အလက်စိစစ်ချက်
ပထမဆုံး Google မှာ ““မြန်မာ ကို ၃ ရက်ထဲနဲ့ အပြီးသိမ်းနိုင်ကြောင်း ထိုင် ဝန်ကြီးချုပ်ပြောကြာ”ဆိုပြီး အဓိကကျတဲ့ စကားလုံးတွေအသုံးပြုပြီးရှာဖွေရာမှာ ဒီဗွီဒီယိုကိုလုပ်ခဲ့တဲ့ “Opera Entertainment” အမည်နဲ့ ယူကျူ့ဗွီဒီယိုကလွဲလို့ အခြားသော မြန်မာဘာသာနဲ့ရေးသားနေတဲ့ အဓိက သတင်းဌာနကြီးတွေက သတင်းဖော်ပြချက် တစ်စုံတစ်ရာမတွေ့ရပါဘူး။

ဒီလိုပဲ ဒီဗွီဒီယိုသတင်းမှာဖော်ပြထားတဲ့ အဓိကစကားလုံးတွေကို အင်္ဂလိပ်စကားလုံးအဖြစ်ပြောင်းပြီး “Thailand military Myanmar 3 days” “Thailand Myanmar military” “Thailand PM Myanmar 3 days”စတဲ့ စကားလုံးတွေအသုံးပြုပြီးရှာဖွေရာမှာလည်း ဗွီဒီယိုထဲမှာပြောကြားထားတဲ့ ဒီလိုသတင်းမျိုး တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။
“Zarni Tike”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ မျှဝေထားတဲ့ပို့စ်ထဲက အဓိကကျတဲ့ စကားလုံးတွေဖြစ်တဲ့ “Kushima Asharay 3 Days to Myanmar”၊ “Bangkok post Kushima Asharay 3 Days to Myanmar”စတဲ့စကားလုံးတွေ အသုံးပြုရှာဖွေရှာလည်း ဒီလို ထိုင်းဝန်ကြီးချုပ်ကပြောကြားတဲ့ စစ်ရေးသတင်း၊ မြန်မာနိုင်ငံကို ၃ ရက်အတွင်း အပြီးတိုက်နိုင်တယ်ဆိုတဲ့ပြောကြားချက်မျိုး၊ သတင်းမျိုး တစ်စုံတစ်ရာမတွေ့ရပါဘူး။

အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ ဘန်ကောက်ပို့စ်သတင်းဌာနရဲ့ ဝက်ဘ်ဆိုဒ်မှာ အလားတူစကား လုံးတွေအသုံးပြုပြီးရှာဖွေရာမှာလည်း ဒီလိုသတင်းတစ်စုံတစ်ရာမတွေ့ရှိရပါဘူး။
![]() | ![]() |
ဒီသတင်းနဲ့ ပတ်သက်ပြီး ထိုင်းပြည်သူ့ဆက်ဆံရေးဌာနအပါအဝင် သတင်းဌာနေတွေကဖော်ပြထား တာတာမတွေ့ရကြောင်း Fact Crescendo Myanmarက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းအတည်ပြုရာမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံကလည်း အတည်ပြုပါတယ်။
“ကျွန်မတို့ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ထိုင်းလူထုဆက်ဆံရေးဌာနကနေ ထုတ်ပြန်တဲ့ သတင်းတစ်စုံ တစ်ရာလည်းမတွေ့ဘူး။ ဒီသတင်းကို ကျွန်မလည်း အွန်လိုင်းသုံးတဲ့သူ တစ်ယောက်အနေနဲ့ တွေ့လိုက်ပါတယ်။ ပြီတော့ Government ဝက်ဘ်ဆိုဒ်မှာလည်း မတွေ့သလို သူတို့ နိုင်ငံပိုင်သတင်းစာတွေမှာ Nation Thailand သူတို့တရားဝင် Bangkok post မှာလည်း အဲဒီသတင်းနဲ့ပတ်သက်ပြီး ဘာမှ တစ်စုံတစ်ရာဖော်ပြထားတာလည်း မတွေ့ရှိရပါဘူး”လို့ ထိုင်းနိုင်ငံဆိုင်ရာ နိုင်ငံရေးရာဌာန တာဝန်ရှိသူက အတည်ပြုပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ “မြန်မာ ကို ၃ ရက်ထဲနဲ့ အပြီးသိမ်းနိုင်ကြောင်း ထိုင်းဝန်ကြီး ချုပ်ပြောကြား”ဆိုတဲ့သတင်းနဲ့ ဗွီဒီယိုဟာ သတင်းတုသတင်းမှားဖြစ်ပါတယ်။

Title:မြန်မာ ကို ၃ ရက်ထဲနဲ့ အပြီးသိမ်းနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြောကြားဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False